Monday, March 17, 2014

ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်း ကမ္ဗည်းမော်ကွန်းစာ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၇) ရက်

ဇေယျတု သဗ္ဗမင်္ဂလံ ။    ။ အမျိုးသား စည်းလုံးညီညွတ်ရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဘာသာ သာသနာ အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲ ထွန်းကားပြန့်ပွားရေးတို့ကို ဆောင်ရွက်နိုင်ရန် ရည်သန်မှု အထူးပြု၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌကြီး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာ သီရိသုဓမ္မမဏိဇောတဓရနှင့်ဝဏ္ဏကျော်ထင်ဘွဲ့ရ ဦးအောင်ခမ်းထီမှ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေး မြေနေရာ ရရှိနိုင်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။
ထိုကောင်းမွန်သင့်မြတ်သော လမ်းညွှန်မှုကို ခံယူလျှက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဝင်းကိုနှင့် အဖွဲ့ဝင် လူကြီးများ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး(၂) အထူးစီးပွားရေး တာဝန်ခံ၊ ဥက္ကဋ္ဌ ပတ္တမြားနဂါး ကုမ္ပဏီများအုပ်စု၊ သီရိသုဓမ္မမဏိဇောတဓရ ဦးနေ၀င်းထွန်း၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် တွဲဘက်အတွင်းရေးမှူး(၁) ဦးခွန်သိန်းဖေ(ခ) ဟိုက်ဆော်ဝမ်းနှင့် အဖွဲ့ဝင်လူကြီးများ တို့က အားသွန်ကြိုးပမ်း ဆောင်ရွက်ခဲ့သဖြင့် အောင်မြင်မှုရရှိ၍ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း မြေနေရာကို ရရှိခဲ့ပါသည်။
ထိုပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းအား ပအိုဝ်းစာပေပြန့်ပွားရေး သံဃအဖွဲ့(ဗဟို)၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)နှင့် မြို့နယ်အဖွဲ့များ၊ အခြားသော ပအိုဝ်းလူမှုရေး အဖွဲ့အစည်းများနှင့် ပအိုဝ်းရပ်မိရပ်ဖ များက သက္ကရာဇ် ၁၃၆၇ ခုနှစ်၊ ပြာသိုလဆန်း (၇)ရက်၊ ကြာသပတေးနေ့၊ ခရစ်နှစ် ၂၀၀၆ ခု၊ ဇန်န၀ါရီလ (၅)ရက်၊ နံနက်(၉)နာရီ (၁၀)မိနစ် မင်္ဂလာအချိန်တွင် အုတ်မြစ်ချမင်္ဂလာ ကျင်းပခဲ့ကြောင်း ကိုလည်းကောင်း၊ သက္ကရာဇ် ၁၃၆၇ ခုနှစ်၊ တပေါင်းလဆန်း (၁၀)ရက်၊ ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် ၂၀၀၆ ခု၊ မတ်လ(၈)ရက် နံနက်(၈)နာရီ (၁၈)မိနစ် အချိန်တွင် ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း ကိုလည်းကောင်း ပအိုဝ်း တိုင်းရင်းသားတို့၏ စုစည်းညီညွတ်မှု စွမ်းအားဖြင့် မော်ကွန်းတင် ရေးထိုးအပ်ပါသည်။
Powered by Blogger.