Monday, March 17, 2014

ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ ယနေ့ ဗိုလ်လုမည်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မတ်လ(  ၁၈  )ရက်

ဓါတ်ပုံ - KMT

(၆၅)ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ပွဲတော် အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲကို ယမန်နေ့ (၁၇.၃.၂၀၁၄) ရက်နေ့တွင် ဆက်လက်ကျင်းပခဲ့ရာ ပထမ အကြိုဗိုလ်လုပွဲ အဖြစ် စွယ်စုံ ဘောလုံးအသင်း နှင့် နောင်ကား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နောင်ကားအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသွားပြီး၊ ဒုတိယ အကြိုဗိုလ်လုပွဲ အဖြစ် သုဓနု ဘောလုံးအသင်း နှင့် ကန်ကြီးဒေသ ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကန်ကြီး ဘောလုံးအသင်းက ၂ ဂိုး-၁ဂိုး ဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ဓါတ်ပုံ - KMT
အကြိုဗိုလ်လုပွဲတွင် အသီးသီး အနိုင်ရရှိခဲ့သည့် နောင်ကား ဘောလုံးအသင်းနှင့် ကန်ကြီးဒေသ ဘောလုံးအသင်းတို့ ယနေ့ (၁၈.၃.၂၀၁၄) ရက်နေ့ နေ့လည် (၁း၀၀) နာရီ အချိန်တွင် ဗိုလ်လုပွဲကို အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

KMT, KZW, Khun Jack
Powered by Blogger.