Friday, April 4, 2014

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီ ဆီဆိုင်မြို့နယ် ကျေးရွာအုပ်စုများ အတွင်းရှိ ဒေသခံ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၅) ရက်

၂၀၁၄ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်အောင်ခမ်းထီသည် ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာအုပ်စု၊ လွယ်ထွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ပြည်သူလူထုများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းတွေ့ဆုံပွဲသို့ ဆီဆိုင်မြို့နယ် အတွင်းရှိ နားသံ၊ နားခိုက်၊ ဗန်းဗွီး၊ ပါလောပါကယ်၊ နောင်မွန်၊ ဘန်းယဉ်၊ ပင်စုံ၊ လွယ်ပွတ်၊ နောင်ကျော၊ တောင်ရှေ့နှင့် မောက်မယ်မြို့နယ် ဗန်းမတ်ကျေးရွာမှ ပြည်သူလူထု (၃၀၀၀) ခန့် တက်ရောက်ခဲ့သည့် အပြင် အွိုင်;သီ;သဲင်;တန်မှ ဘုန်းတော်ကြီးကျောင်း (၁၂) ကျောင်း၊ အွိုင်;ထံးယံ,မှ (၃) ကျောင်း၊ အွိုင်;လွယ်ပွတ်,မှ (၃) ကျောင်း၊ အွိုင်;တော,ရမှ (၅) ကျောင်း၊ အွိုင်;ပဆျာ;ကြို;မှ (၃) ကျောင်း၊ အွိုင်;ပင်စုံမှ (၂) ကျောင်း စသည့် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ကြွရောက်ခဲ့ကာ အခမ်းအနားကို နံနက် (၁၀း၀၀) နာရီ အချိန်ခန့်တွင် စတင်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန် အောင်ခမ်းထီမှ ယခုလတ်တလော ကောက်ခံလျှက်ရှိသော သန်းခေါင်စာရင်း ကိစ္စတွင် တာဝန်ရှိသူများမှ မေးမြန်းလာသော မေးခွန်းများကို မှန်မှန်ကန်ကန် တိတိကျကျ ဖြေဆိုရန် လိုအပ်ကြောင်း၊ ပအိုဝ်းလူမျိုးတို့၏ သမိုင်းကြောင်း၊ ပအိုဝ်းအမျိုးသား တော်လှန်ရေး သမိုင်းကြောင်း၊ လက်ရှိ ပအိုဝ်းအမျိုးသားတို့၏ နိုင်ငံရေး ရပ်တည်ချက်နှင့် ရှေ့ဆက်မည့် မူဝါဒ လမ်းစဉ်များကို အကျယ်တ၀င့် ဟောပြောခဲ့ပြီး “ နီပအိုဝ်;ဖုံ;ယို ယွုမ်းပရီ;ပရာ;မွိုန်း ၀င်,ငေါဝ်း၊ ခွို,နွယ်;ပအိုဝ်;ဖုံ;ယို ယွုမ်းဒျာ;သွော့, ခွို,ရက် ပအိုဝ်;ဖုံ;ငေါဝ်း” ဟု မှာကြားကာ လူထုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး နေ့လည် (၁း၂၀) နာရီ အချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

ခွန်ပိုလ်;ဟန် (ခွန်ဖြားဗွာခမ်း)

Powered by Blogger.