Monday, April 28, 2014

ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၀ါးလီ ကျေးရွာ စုပေါင်း ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာသို့ သွားရောက် ကုသိုလ်ယူ

တောင်ကြီး၊ ၂၀၁၄ ဧပြီလ (၂၈) ရက်

All Photos By Khun Pain Kham
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ တောင်ထီဗွာ ကျေးရွာအုပ်စု၊ ၀ါးလီ ကျေးရွာ သာသနာ့ ဒါယိကာ ဒါယိကာမများသည် မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်သန်၍ ရင်နှစ်သည်းချာ သားလှရတနာ တို့အား ရှစ်ပါးသော ပရိက္ခရာ စုံလင်စွာဖြင့် ပဗ္ဗဇ္ဇ ရှင်သာမဏေ အဖြစ် သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းနှင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ် တို့အား လှူဖွယ်အစုစုတို့ ဆက်ကပ်လှူဒါန်းပြီး ကြွရောက် လာကြသော မိတ်သင်္ဂဟ အပေါင်းတို့အား ဧည့်ခံကျွေးမွေးပြီးလျှင် သံဃာတော် အရှင်သူမြတ်တို့ ဟောကြားတော်မူသော တရားတော်မြတ်ကို အတူတကွ နာယူ ရေစက်သွန်းချ အမျှပေးဝေရန် အလို့ငှါ စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ ကျင်းပခဲ့ရာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီနှင့် အဖွဲ့တို့မှ (၂၅.၄.၂၀၁၄) ရက်နေ့တွင် သွားရောက်ကုသိုလ်ယူ ခဲ့ကြောင်း သတင်းရရှိပါသည်။
 

အဆိုပါ စုပေါင်း ရဟန်းခံ ရှင်ပြု အလှူတော်တွင် ရဟန်း (၁၁) ပါး၊ ရှင်သာမဏေ (၇၀၇) ပါး သာသနာ့ဘောင်သို့ သွတ်သွင်း ချီးမြှင့်ခဲ့၍ အလှူတော် မင်္ဂလာအား (၂၂.၄.၂၀၁၄) ရက်နေ့တွင် ရှင်လောင်းတပည့်စု၊ (၂၃.၄.၂၀၁၄) ရက်နေ့တွင် ရှင်လောင်းအ၀တ်လဲ၊ (၂၄.၄.၂၀၁၄) ရက်နေ့တွင် နားရက်၊ (၂၅.၄.၂၀၁၄) ရက်နေ့တွင် ဧည့်ခံကျွေးမွေး၊ (၂၆.၄.၂၀၁၄) ရက်နေ့ ၀ါးလီ ဘုန်းတော်ကြီးကျောင်း၌ တရားတော်မြတ် နာယူခဲ့ကာ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
 







 


ခွန်ပိုင်ခမ်း
Powered by Blogger.