Wednesday, April 30, 2014

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရား ပရိယတ္တိစာသင်တိုက် တတိယအကြိမ် ရှင်အပါး (၁၀၂၇) စုပေါင်း ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပပြီးစီး

တောင်ကြီး၊ ၂၀၁၄ ခုနှစ် ဧပြီလ (၃၀) ရက်
 
Photo - Khun Kham Myat
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ နောင်တရားမြို့ရှိ နောင်တရား ပရိယတ္တိ စာသင်တိုက်၏ တတိယအကြိမ်မြောက် ရှင်အပါး (၁၀၂၇) ပါး စုပေါင်း ရဟန်းခံ၊ ရှင်ပြု အလှူတော် မင်္ဂလာ ပွဲတော်ကြီးကို (၁၉-၃-၂၀၁၄) ရက်နေ့မှ (၂၂.၃.၂၀၁၄) ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။
 
Photo - Khun Khin Maung
အဆိုပါ အလှူတော် မင်္ဂလာ ပွဲတော်ကြီးသို့ အထူးဒေသ (၆) ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဖြားတန်အောင်ခမ်းထီနှင့် အဖွဲ့၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးကော်မတီဥက္ကဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ တာဝန်ရှိသူများ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော အနယ်နယ် အရပ်ရပ်မှ ဧည့်ပရိသတ်ပေါင်း များစွာ သွားရောက် ပါဝင် ကုသိုလ်ယူခဲ့ကြောင်း သိရှိရပါသည်။
 
Photo - Khun Kham Myat
 နောင်တရား ပရိယတ္တိ စာသင်တိုက် (ကျောင်းကြီး) အား ၁၃၄၆ ခုနှစ်၊ ကဆုန်လ အတွင်း ပထမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု အလှူတော် မင်္ဂလာ ပွဲတော်ကြီး ဆင်ယင် ကျင်းပပြီး ကျောင်းအကျိုး တရားတော်နာ၊ ရေစက်ချ အမျှအတန်း ပေးဝေခဲ့ပါသည်။ ဒုတိယအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု အလှူတော် မင်္ဂလာပွဲကို ၁၃၆၄ ခုနှစ်၊ တန်ခူးလ အတွင်း ထပ်မံကျင်းပ ပြီးစီးခဲ့ပါသည်။
 
Photo - Khun Kham Myat
နောင်တရား ပရိယတ္တိ စာသင်တိုက်ကို အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက် နှင့် ဥာဏ်ပင်ရွာ (နန်းပုလင်း အုပ်စု၊ စုစုပေါင်း အိပ်ခြေ (၉၀၀) ကျော်ရှိ ဒါယကာ - ဒါယိကာမများ တို့က ပစ္စည်းလေးပါး ဒါယကာ အဖြစ် ဆည်းကပ် ကိုးကွယ် လျှက်ရှိပြီး နှစ်စဉ် ရဟန်း (၂၀) ပါး၊ ရှင်သာမဏေ (၁၅၀) ပါး ၀န်းကျင်တို့က ပရိယတ္တိ စာပေကျမ်းဂန်များ သင်ကြား ဆည်းပူးလျှက် ရှိပါသည်။
 
Photo - Khun Kham Myat
ပထမအကြိမ် အလှူတော်မင်္ဂလာပွဲ၌ ရှင်လောင်း အပါးရေ                 -     ၄၂၆   ပါး
ဒုတိယအကြိမ် အလှူတော်မင်္ဂလာပွဲ၌ ရှင်လောင်း အပါးရေ                -     ၇၄၄   ပါး
ယခု တတိယအကြိမ်တွင်မူ အလှူတော်မင်္ဂလာပွဲ၌ ရှင်လောင်း အပါးရေ -    ၁၀၂၇  ပါး ရှိပါသည်။
တတိယအကြိမ် အလှူတော် မင်္ဂလာပွဲတွင် ရဟန်း (၁၇) ပါး၊ ရှင်သာမဏေ (၁၀၁၇) ပါး ပါရှိပါသည်။ ပအိုဝ်းရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များကို အခြေခံပြီး ဗဟိုမဏ္ဍပ် (၁) လုံး၊ မဏ္ဍပ်ငယ် (၃၀) လုံးနှင့် ဧည့်ခံအိမ်ပေါင်း (၁၅၀) အိမ် ရှိပါသည်။ အနယ်နယ် အရပ်ရပ်မှ ရှင်လောင်းထိန်း (ကျား) ၂၅၀၀၀ ဦးနှင့် (မ) ၄၅၀၀ ဦး ပါဝင် ကုသိုလ်ယူ ကူညီ ခဲ့ကြကြောင်းလည်း သိရှိရပါသည်။

ကိုးကား - နောင်တရား ပရိယတ္တိစာသင်တိုက် တတိယအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြု အလှူတော်မင်္ဂလာ ပွဲတော်လမ်းညွှန်
 
Photo - Khun Kham Myat
Photo - Khun Kham Myat
Photo - Khun Kham Myat
Photo - Khun Kham Myat
Photo - Khun Kham Myat


ခွန်ခမ်းမြတ် (စန္တာ;ခမ်း)
Powered by Blogger.