Tuesday, April 8, 2014

ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စကားပြောသင်တန်း ဆင်းပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၉) ရက်
 
ALL PHOTOS BY KMT
ဇမ္ဗူရတနာ မြတ်မင်္ဂလာအဖွဲ့နှင့် ပအိုဝ်းအမျိုးသမီး ပညာရေး ဖေါင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဗုဒ္ဓဘာ ယဉ်ကျေးမှုနှင့် အင်္ဂလိပ် စကားပြော သင်တန်းကို (၈.၃.၂၀၁၄) ရက်နေ့မှ (၈.၄.၂၀၁၄) ရက်နေ့အထိ (၁) လ သင်တန်းကို တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ နောင်ကား (မြောက်) ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြား ခဲ့ပါသည်။
 

ယင်းသင်တန်းတွင် ကျောင်းသူ/ ကျောင်းသား (၄၄) ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းဆင်းပွဲကို (၈.၄.၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
 

သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၁၀း၀၀) နာရီ အချိန်တွင် ပြုလုပ်ခဲ့ပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)  အတွင်းရေးမှူး ဦးခွန်သိန်းဖေ၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဗဟို) ဒု-ဥက္ကဌ ဦးခွန်မင်းကျော်၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဥက္ကဌ ဦးခွန်ထွန်းရွှေ၊ ပအိုဝ်းအမျိုးသမီး ပညာရေးဖေါင်ဒေးရှင်း ဥက္ကဌ ဒေါက်တာဒေါ်ခင်သန်းနွဲ့၊ ပအိုဝ်း အမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဒေါ်နန်းဝင်းကြည် နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ နောင်ကား အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး၊ ရပ်မိရပ်ဖများနှင့် သင်တန်း ဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
 

အခမ်းအနားတွင် ဦးခွန်သိန်းဖေ၊ ဦးခွန်မင်းကျော်၊ နောင်ကား ကျောင်းအုပ်ဆရာမ ဒေါ်ခင်သီတာဦး၊ နောင်ကား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းစိန်၊ ဒေါက်တာဒေါ်ခင်သန်းနွဲ့၊ သင်တန်းဆရာမ ဒေါ်ဇင်ဇင်တင့် တို့မှ အမှာစကား အသီးသီး ပြောကြားခဲ့ကြရာတွင် ကျေးရွာပညာရေးနှင့် မြို့ပညာရေး ကွာဟမှု အခြေအနေ၊ မြန်မာနိုင်ငံ အရပ်ရပ်မှ ခရီးသွား ဧည့်သည်များ ၀င်ရောက်မှု အခြေအနေ၊ တခြားနိုင်ငံမှ ခရီးသွားလာမှု အခြေအနေ၊ နောင်လာမည့် စိုက်ပျိုးရေးလုပ်ငန်းများ အခြေအနေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေများကြောင့် အင်္ဂလိပ်စကား အရေးပါပုံများကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။ ထို့နောက် သင်တန်းသား/ သင်တန်းသူများမှ ပအိုဝ်းရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရှိရပါသည်။
 




KMT (ခွန်ဖြားဗွာခမ်း)

Powered by Blogger.