Wednesday, April 23, 2014

PWEF နှင့် PYN အဖွဲ့တို့ ပူးပေါင်း စီစဉ်သည့် နွေရာသီ ဗုဒ္ဓယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်း ဖွင့်ပွဲ အခမ်းအနား ထပ်မံ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၃) ရက်

All Photos By KMT
ပအိုဝ်းအမျိုးသမီး ပညာရေး ဖေါင်ဒေးရှင်း (PWEF) နှင့် ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့တို့ ပူးပေါင်း စီစဉ်ဖွင့်လှစ်သည့် နွေရာသီ ဗုဒ္ဓ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ (၁) လ သင်တန်းကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ စငေါကျေးရွာတွင်  (၂၃.၄.၂၀၁၄) ရက်နေ့တွင် ထပ်မံ၍ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ယင်းသင်တန်းဖွင့်ပွဲသို့ ဆရာတော်ကြီးများနှင့် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ PWEF၊ PYN၊ PNO၊ ပအိုဝ်းအမျိုးသမီးအဖွဲ့၊ သင်တန်း ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး ပန်လျမ်းကျောင်း နာယကဆရာတော်၊ လုံးဟီးကျောင်းဆရာတော်၊ ထီလျဉ်ကျောင်း ဆရာတော်၊ ရန်ကုန်မြို့ သီရိဇေယွန်ကျောင်းမှ ဦးယုဇန တို့မှ အသီးသီး သြ၀ါဒ မိန့်ကြားပေးခဲ့ကြပါသည်။


ဆက်လက်၍ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့မှ ကိုယ်စားလှယ်၊ ပအိုဝ်းလူငယ်ကွန်ယက် ဥက္ကဌ ဦးခွန်ထွန်းရွှေ၊ ဟိုပုံးမြို့နယ် (PNO) ဥက္ကဌ ဦးခွန်မောင်ဖြူ၊ ပါရမီကွန်ယက် ပညာရေး တာဝန်ခံ ဦးခွန်အုန်းငွေ၊ သင်တန်းဖြစ်မြောက်ရေး ကော်မတီ ဦးခွန်ကျော်ရဲလွင် တို့မှ သင်တန်းကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ဗုဒ္ဓယဉ်ကျေးမှု နားလည်သဘောပေါက်ကာ တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်သင့်ပုံများ၊ လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ၊ မြန်မာ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး အခြေအနေများ၊ ပအိုဝ်းဒေသ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပုံများနှင့် လက်ရှိကာလ၊ အနာဂါတ်ကာလတွင် အင်္ဂလိပ်စာနှင့် စကား မရှိမဖြစ် တတ်မြောက်ရန် အရေးကြီးပုံများကို အကျယ်တ၀င့် ရှင်းလင်းဟောပြော သွားခဲ့ကြောင်း  သိရှိရပါသည်။


KMT (ခွန်ဖြားဗွာခမ်း)
Powered by Blogger.