Saturday, May 10, 2014

ပအိုဝ်းဘာသာစာပေဖြင့် ကျင်းပသော အခြေခံ ဗုဒ္ဓယဉ်ကျေးမှု သင်တန်း (ဗဟို;သွဉ်တန်,) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ မေလ၊ (၉) ရက်

All Photos - K.M.T
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်၊ ဇောတိကာရာမ စာသင်တိုက် (ရန်ကင်း) တွင် အကြိမ် (၃၀) မြောက် ပအိုဝ်းစာပေနှင့် ဗုဒ္ဓယဉ်ကျေးမှု သင်တန်း (ဗဟို;သွဉ်တန်,) သင်တန်းဆင်းပွဲ အခမ်းအနားကို (၇.၅.၂၀၁၄) ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


အဆိုပါ သင်တန်းသို့ အနယ်နယ် အရပ်ရပ်မှ သင်တန်းသား/ သင်တန်းသူ ပေါင်း (၂၀၀၀) ကျော် တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းအား (၁၀) ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။


အခမ်းအနားသို့ ပအိုဝ်းအမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ခမ်းထီ တက်ရောက် အမှာစကား ပြောကြားရာတွင် သင်တန်းဖြစ်မြောက်ရေး အတွက် သံဃာတော်များ ဦးစီးကာ အပင်ပန်းခံ  ကြိုးပမ်းဆောင်ရွက်မှု၊ ဒေသခံ ရပ်မိ ရပ်ဖများမှ စေတနာ သဒ္ဒါတရား ထက်သန်စွာ ဧည့်ခံကျွေးမွေးမှု၊ သင်တန်းသား/ သင်တန်းသူများ၏ အချိန်ပေး လာရောက် သင်ကြား ခဲ့ရခြင်း စသည့် အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရ သောကြောင့် သင်တန်းမှ သင်ကြားပို့ချပေးသော အထွေထွေ ဗဟုသုတများကို အချည်းအနှီး မဖြစ်စေပဲ မိမိတို့ သက်ဆိုင်ရာ ဒေသများတွင် အကျိုးကျိုးရှိရှိ ပြန်လည် ဖြန့်ဝေသင့်ကြောင်းနှင့် ပအိုဝ်းအမျိုးသားများ စည်းလုံးညီညွတ်ရေး အကြောင်းများအား အကျယ်တ၀င့် ရှင်းလင်းပြောကြား သွားခဲ့ပါသည်။



K.M.T (ခွန်ဖြားဗွာခမ်း)
Powered by Blogger.