Wednesday, May 21, 2014

စင်္ကာပူ​လေ​ကြောင်းလိုင်း ဂျက်​​လေယာဉ်​ တစ်​စီး ရန်​ကုန်​​လေဆိပ်​သို့ ဆင်းသက်​စဉ်​ လမ်း​ချော်​မှုဖြစ်​ပွား

ရန်​ကုန်​၊ ၂၀၁၄ ခုနှစ်​၊ ​မေလ (၂၁ ) ရက်
ယ​နေ့မနက်​ မြန်​မာစံ​တော်​ချိန်​ ( ၉း၁၅ ) နာရီအချိန်​တွင်​ စင်္ကာပူ​လေ​ကြောင်းလိုင်းမှ ဂျက်​​လေယာဉ်​တစ်​စီး ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ ​လေဆိပ်​သို့ ဆင်းသက်​စဉ်​ လမ်း​ချော်​မှု ဖြစ်​ပွားခဲ့​ကြောင်း ဆင်​ဟွာသတင်းဌာနမှ ​ဖော်​ပြခဲ့သည်​။ အဆိုပါဖြစ်​စဉ်​တွင်​ ထိခိုက်​ဒဏ်​ရာရမှု တစုံတရာ ဖြစ်​ပွားမှု မရှိခဲ့​ကြောင်းလည်း အဆိုပါသတင်းဌာနမှ ​လေဆိပ်​တာဝန်​ရှိသူများ ​ပြောကြားချက်​အား ကိုးကား​ဖေါ်ပြခဲ့သည်​။
စင်္ကာပူမှ ခရီးသည်​ ၂၅၂ ဦး နှင့်​ ​လေယာဉ်​၀န်​ထမ်း ၁၃ ဦး ကို တင်​​ဆောင်​လာသည့်​ အဆိုပါ​လေယာဉ်​သည်​ ရန်​ကု​န်​လေဆိပ်​သို့ ဆင်းသက်​စဉ်​ လမ်း​ချော်​ခဲ့ခြင်းဖြစ်​သည်​။
အဆိုပါ မ​တော်​တဆမှု​ကြောင့်​ ​လေဆိပ်​ကို နာရီဝက်​ခန့်​ ပိတ်​ထားခဲ့​ပြီး ​လေယာဉ်​ကို ​လေယာဉ်​ရပ်​နား​စခန်းသို့ ဆွဲယူသွားခဲ့​ကြောင်း သိရသည်​။
စင်္ကာပူသို့ အဆိုပါ​လေယာဉ်​နှင့်​ လိုက်​ပါမည့်​ ခရီးသည်​များအား အခြား​လေယာဉ်​တစီးသို့ ​​ရွှေ့​ပြောင်း​ပေးခဲ့​ကြောင်း သိရသည်​။ မ​တော်​တဆမှု အ​ကြောင်းအရင်း ဖြစ်​စဉ်​အား စုံစမ်းစစ်​​ဆေးမည့်​ စင်္ကာပူအင်​ဂျင်​နီယာများ ယ​နေ့ည​နေပိုင်းတွင်​ ရန်​ကုန်​​လေဆိပ်​သို့ ​ရောက်​ရှိနိုင်​​ကြောင်းလည်း သိရှိရပါသည်​။

ကိုးကား - Global Post

ခွန်​ခမ်းမြတ်​ ( စန္တာ;ခမ်း )

Powered by Blogger.