Thursday, May 29, 2014

ပထမအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များ တွေ့ဆုံပွဲကို ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတ တပ်ဦးကျောင်းတွင် ကျင်းပ

ဟိုပုံး၊ ၂၀၁၄ ခုနှစ်၊ မေလ (၃၀) ရက်



ပထမအကြိမ် မြန်မာနိုင်ငံ ပြည်လုံးကျွတ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်များ တွေ့ဆုံပွဲကို  ဟိုပုံးမြို့နယ်၊ နောင်တောင်း ပရဟိတတပ်ဦးကျောင်းတိုက်၌ (၂၉-၅-၂၀၁၄) ကြာသပတေးနေ့တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားကို နိုင်ငံတော် သံဃနာယက အဖွဲ့ ဒု-ဥက္ကဌ၊ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇ ဘဒ္ဒန္တကုသလ ဆရာတော်က အဖွင့်သြ၀ါဒ ကထာ မွက်ကြားခဲ့ပါသည်။     ယင်းအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာ ဘိဝံသ၊ ဘုန်းတော်ကြီးကျောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဒမ္မ ဇောတိက ဘဒ္ဒန္တ၀ိဇယ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သရေစည်သူ ဦးဆန်ဆင့်၊ မန္တလေးတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိတ ဘဒ္ဒန္တနာယက၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဥက္ကဌ ဦးခွန်စံလွင်၊ ပြည်နယ် ဘဏ္ဍာ/အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊  ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊ ပီအန်အေ ဌာနေပြည်သူ့စစ်အဖွဲ့မှ ဒုဗိုလ်မှူးကြီးခွန်လာ စသည့် ဆရာတော်ကြီးများနှင့် ဂုဏ်သရေရှိ လူကြီးမင်းများ တက်ရောက်ခဲ့ပါသည်။

  
ထိုသို့ကျင်းပရခြင်းမှာ    -
(၁) တစ်နိုင်ငံလုံးတွင်ရှိသော ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများ၏ ပညာရေးဆိုင်ရာအရည်အသွေးများတိုးတက်စေရေး လုပ်ကိုင်ဆောင်ရွက်မှုများကို သိရှိစေရန်၊
(၂)    တိုးတက်ပြောင်းလဲမှုရရှိနေသော ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း(၂၀၀)တို့၏ အတွေအကြုံများနှင့် လုပ်နည်းလုပ်ဟန်တို့ကို အခြားကျောင်းများသို့မျှဝေပေးရန်၊
 (၃)    ၂၀၁၃/၁၄နိုင်ငံတော်ပညာရေးမှုဝါဒနှင့် အမျိုးသားပညာရေး ဖြစ်ထွန်းလာမှုကိုသိရှိစေရန်၊
 (၄)    လက်ရှိမြန်မာနိုင်ငံကသွားနေုသော ပညာရေးလမ်းကြောင်းနှင့် နိုင်ငံတကာတွင်သွားနေသော ပညာရေးလမ်းကြောင်းတို့၏ကွာခြားချက်များကို သိရှိစေရန်၊
(၅)    ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်တည်တံ့စေရေး အတွက် လုပ်ကိုင်ဆောင်ရွက်ရေး ဆိုင်ရာ နည်းလမ်းများ ဆွေးနွေးဖလှယ်ရန်၊
(၆)    သင်ရှိးညွန်းတမ်းတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဘာသာရေးနှင့်(Ethic)၊ ယဉ်ကျေးလိမ္မာဘာသာရပ်များ မဖြစ်မနေ ပြဌာန်းသင်ကြားပေးရန်၊
(၇)    အနာဂတ်တွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၏ ဆရာအတတ်သင်ကောလိပ် (သို့မဟုတ်) တက္ကသိုလ်များ တည်ထောင်ရန် သင့်/မသင့် ဆွေးနွေးရန် စသည့် ရည်ရွယ်ချက်များပင် ဖြစ်သည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က အလှူငွေ (၁၀) သိန်း လှူဒါန်းခဲ့ကြောင်း၊ တွေ့ဆုံပွဲ အခမ်းအနားမှာ (၂၉ ရက်မှ ၃၁-၅-၂၀၁၄ ရက်) အထိ ကြာမြှင့်မည် ဖြစ်ကြောင်း၊ ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံအရပ်ရပ်က သံဃာတော်အပါး (၉၀၀) ကျော် ကြွရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။



ခွန်ထင်;လေအောင်;



Powered by Blogger.