Monday, June 23, 2014

PNO နှင့် MMEC တို့ ပူးပေါင်း၍ Peace Process Training သင်တန်းကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၄) ရက်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် MMEC (Myanmar Minerva Education Center) တို့ ပူးပေါင်း၍ Peace Process Training သင်တန်းအား ၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) တွင် ကျင်းပပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်တန်းသို့ မြို့နယ်စုံမှ သင်တန်းသား၊ သင်တန်းသူ (၅၀) ဦးခန့် တက်ရောက်သင်ကြား ခဲ့ကြပြီး သင်တန်းတွင် (၁) ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process)၊ (၂) ဖက်ဒရယ်စနစ် (Federalism)၊ (၃) ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution)၊ (၄) ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု (Democracy and Rule of Law)၊ (၅) ရွေးကောက်ပွဲ စည်းရုံးလှုံ့ဆော်မှု (Election Campaign)၊ (၆) ဖွံ့ဖြိုးတိုးတက်မှု (Development)၊ (၇) အထွေထွေ ဗဟုသုတအသိပညာများ (General Knowledge) စသည့် ဘာသာရပ်များကို သင်ကြား ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။




KMT
Powered by Blogger.