Tuesday, July 29, 2014

မဟာဗျူဟာမြောက် စီမံကိန်း ရေးဆွဲခြင်းနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇူလိုင် (၃၀) ရက်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ကမကထပြုသည့် “မဟာဗျူဟာမြောက် စီမံကိန်း ရေးဆွဲခြင်းနှင့် ဒေသန္တရ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ” ကို ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) ၌ (၂၈.၇.၂၀၁၄) ရက်နေ့မှ (၃၁.၇.၂၀၁၄) ရက်နေ့အထိ ကျင်းပပြုလုပ် လျှက်ရှိကြောင်း သတင်းရရှိပါသည်။
ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ဆရာ ဦးခွန်ဇေယျာဦးမှ ဦးဆောင် ဆွေးနွေးပြီး အနယ်နယ် အရပ်ရပ်မှ စိတ်ပါဝင်စားသူ လူငယ်ပေါင်း (၃၇) ဦး တက်ရောက်ကြကြောင်း သိရှိရပါသည်။

KMT
Powered by Blogger.