Tuesday, July 8, 2014

အမျိုးသမီးငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ သင်တန်းကျင်းပ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇူလှိုင်လ (၈) ရက်



၂၀၁၄-ခုနှစ် ဇွန်လ (၁၄)မှ(၁၆) ရက်အထိ၊ ရှမ်းပြည်နယ်အမျိုးသမီးရေးရာအသင်းရုံးတွင် ဖွင့်လှစ်သင်ကြားပေးသော အမျိုးသမီးများ အတွက် အမျိုးသမီးငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာသင်တန်း(Training On Women Peace and Security) ကို (Gender and Development  Initiative Myanmar) (GDI) နှင့် (Kan Baw Za Youth Library and Reading Club) ကမ္ဘောဇလူငယ် စာကြည်တိုက်နှင့် စာဖတ်အသင်း တို့ ပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
သင်တန်းပို့ချခြင်း၏ရည်ရွယ်မှာ -
(၁) ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဖော်ဆောင်မှု လုပ်ငန်းများသည် အမျိုးသမီးများနှင့် သက်ဆိုင် ပတ်သက်ကြောင်း သိရှိနားလည်စေရန်။
(၂) ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဖော်ဆောင်မှု လုပ်ငန်းများတွင် အမျိုးသမီးများကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ကြောင်း အတူတကွ ဆွေးနွေး ဖော်ထုတ်နိုင်ရန်။
(၃) အမျိုးသမီးငြိမ်းချမ်းရေးအဖွဲ့များ(Women Peace Groups) “WPG” ဖွဲ့စည်းဆောင်ရွက်နိုင်ရန် အတွက် တွန်းအားပေးရန် စသည်တို့ဖြစ်သည်။
ဤသင်တန်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ အဖွဲ့အစည်းများဖြစ်ကြသော ရှမ်းအိမ်ထောင်ရှင်များအသင်း၊ နမ့်ခုံးလူမှုရေးအသင်း၊ အင်းသားလူမှုရေးအသင်း၊ ဓနု စာပေနှင့် ယဉ်ကျေးမှုအသင်း၊တောင်ရိုး စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လားဟူ စာပေနှင့် ယဉ်ကျေးမှုအသင်း၊ WCDI၊ ပအိုဝ်း စာပေနှင့် ယဉ်ကျေးမှုအသင်း၊ မေတ္တာဖောင်ဒေးရှင်း၊ ပါရမီကွန်ယက်အဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ NLD ပါတီ အပါအ၀င် အဖွဲ့အစည်းပေါင်း(၁၀)ကျော်တက်ရောက်ကြပြီး၊ သင်တန်းသူ/သားဦးရေ (၄၅) ဦးရှိကြောင်း သတင်းရရှိပါသည်။

ခွန်ခမ်းလွယ်လုံ(ခ)ခွန်ရဲအောင်

Powered by Blogger.