Friday, August 8, 2014

စန္တာခမ်း(နောင်တရား)တွင် ပြုလုပ်ကျင်းပသော ခမ်း၊ နယ်၊ အွိုင် ရှင်သန်ရေးနှင့် စွမ်းရည်မြှင့်သင်တန်း

တောင်ကြီး၊ ၂၀၁၄ ခုနှစ် သြဂုတ်လ(၈)ရက်


သြဂုတ်လ (၅)ရက်နေ့ ပအိုဝ်းအမျိုးသားတပ်မတော်(PNA အသွင်ပြောင်းပြည်သူ့စစ်)က ကြီးမှူး ကျင်းပ ပြုလုပ်သော ခမ်း၊ နယ်၊ အွိုင်း ရှင်သန်ရေးနှင့် စွမ်းရည်မြင့်သင်တန်းကို စန္တာခမ်း တိုင်းမြှောက်ပိုင်းရှိ နောင်တရားမြို့ စန္တာခမ်း တိုင်းရုံးတွင် (၃၁-၇-၂၀၁၄)မှ(၅-၈-၂၀၁၄)အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအောင်ပွဲ (ဆင်းပွဲ) အခမ်းအနားကို (၅-၈-၂၀၁၄) မွှန်းလွဲပိုင်း(၄း၀၀)နာရီ အချိန်တွင်  အခမ်းအနားကို စတင်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းအောင်ပွဲအခမ်းအနားတွင် စန္တာခမ်းတိုင်းမှူး ဗိုလ်မှူးခွန်ဂျိုးဇက် က အဖွင့် အမှာစကား တက်ရောက်ပြောကြားပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုအလုပ်မှုဆောင် ဦးခွန်လှမောင် (ခ)ဦးခွန်လာမဲင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံး တာဝန်ရှိပုဂ္ဂိုလ်များ၊ စန္တာခမ်း တိုင်းရှိ နောင်တရားမြို့နယ်ခွဲ၊ ကလောမြို့နယ် (တောင်ဘက်ခြမ်း)၊ ညောင်ရွှေမြို့နယ် အနောက် ဘက်ခြမ်းမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား(၉၀)ကျော် တက်ရောက်ကာ မွန်းလွဲပိုင်း (၅း၀၀)တွင် အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ် နိုင်ခဲ့ကြောင်း သိရှိရပါသည်။

   ခွန်မွူးရောင်
Powered by Blogger.