Tuesday, September 2, 2014

တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား မောင်မယ်သစ်လွင်ကြိုဆို ဆုနှင်းပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနား ကျင်းပ

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ( ၂ ) ရက်


၂၀၁၄-၂၀၁၅ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား ကျောင်းသား/ သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို (၃၁-၈-၂၀၁၄) ရက်နေ့ နံနက်(၉.၀၀)နာရီ တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် အခွန်နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမူမူမြင့် ဒုတိယပါမောက္ခ ဆရာမကြီး ဒေါက်တာကျင်ကျင်အေး ဌာနအသီးသီးမှ ဆရာ/ဆရာမများ ဖိတ်ကြားထားသောဧည့်သည်တော်များ  တက်ရောက်ခဲ့ကြောင်း သိရပါသည်။
 ရှေးဦးစွာ ရှမ်းပြည်နယ် အခွန်နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးခွန်သိန်းမောင်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ တောင်ကြီးတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမူမူမြင့် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု (ဗဟို)မှ ဥက္ကဌ ဦးခွန်ဝင်းကို၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နှင့် မြို့မိမြို့ဖများကိုယ်စား ဦးခွန်သိန်းဖေမှ အမှာစကား ပြောကြားခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပြီး တောင်ကြီးတက္ကသိုလ် ပအိုဝ်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ဆပ်ကော်မတီ ဥက္ကဌ သမိုင်းဌာန ကထိက ဒေါတ်တာခင်လေးရီမှ ကြိုဆို နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး တတိယနှစ် ကျောင်းသား/သူများကိုယ်စား သမိုင်းအထူးပြု တတိယနှစ် ကျောင်းသူ နန်းမေနီထွေးမှ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ပထမနှစ် ကျောင်းသား/ သူများကိုယ်စား သမိုင်းအထူးပြု ပထမနှစ် ကျောင်းသား ခွန်လှရွှေမှ ကျေးဇူးတင် နှုတ်ဆက် စကား ပြောကြားခဲ့ကြောင်း သိရပါသည်။

ထို့နောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီမှ တောင်ကြီးတက္ကသိုလ် မဟာဓမ္မရက္ခိတ ဓမ္မာရုံ ၊ ဆေးရုံအတွက် အလှူငွေများ ပေးအပ်ခဲ့ပြီး ထူးချွန်ကျောင်းသား/ သူများကို ဆုချီးမြှင့်ကာ နံနက်ပိုင်း ဖျော်ဖြေရေး အစီအစဉ်ကို စတင်လိုက်ကြောင်း သိရပါသည်။

SMILE (မြင့်မိုရ်ပြည်)

                                                                                                                                                



















Powered by Blogger.