Friday, October 3, 2014

လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှုပညာရပ်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်

တောင်ကြီး၊၂၀၁၄ခုနှစ်၊ အောက်တိုဘာ (၃) ရက်


 (၂ - ၁၀- ၂၀၁၄) ကြာသပတေးနေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ရုံးတွင် လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှုပညာရပ်ကို  ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ကြောင်း  KDN  မှ     ဆရာမ နှင်းယုထွေး  က လာရောက်ပြောကြားသွားပါသည်။ 
အဆိုပါ လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှုပညာရပ်ကို လေ့လာမည်ဆိုပါက - (၁)ရုံးပိုင်းနှင့် ဆက်သွယ်ဆက်ဆံရေးကဏ္ဍ၊ (၂) လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ၊ (၃) စီမံကိန်း စီမံခန့်ခွဲမှုကဏ္ဍ၊ (၄) ဘဏ္ဍာရေးဆိုင်ရာ၊ (၅)ကျန်းမာရေး စီမံခန့်ခွဲမှုကဏ္ဍ စသဖြင့် လေ့လာရမည်ဖြစ်သည်။ အဆိုပါ ကဏ္ဍတွင် မော်ကျူး (၁၆)အခုအဖြင့် ကိုယ်ပိုင်အချိန်များ စီမံခန့်ခွဲ၍ လေ့လာရမည်ဖြစ်ပြီး အောင်မြင်မည်ဆိုပါက လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှု အောင်လက်မှတ် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
အဆိုပါ လူမှုအဖွဲ့အစည်း စီမံအုပ်ချုပ်မှုအောင်လက်မှတ် ကို ရရှိမည်ဆိုပါ လုပ်ငန်းခွင်ဝင်လိုသူများ၊ အင်တာဗျူးဖြေဆိုလိုသူများ လွယ်ကူမည်ဖြစ်ပြီး လုပ်ငန်းအတွက် များစွာ အထာက်အကူပြုမည် ဖြစ်ကြောင်းသိရှိရပါသည်။
                                                                                              
 ခွန်ထင်;လေအောင်;
Powered by Blogger.