Tuesday, October 21, 2014

ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်သည့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာ တင်သွင်း

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်


၂၁.၁၀.၂၀၁၄ (အင်္ဂါနေ့) တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးအပ်သည့် ရွေးကောက်ပွဲစနစ် လေ့လာသုံးသပ်ရေး ကော်မရှင်၏ အစီရင်ခံစာ တင်သွင်းပါသည်။
ယခုကိစ္စမှာ ပြီးခဲ့သည့် ဒဿမ ပုံမှန် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပုဇွန်တောင် မဲဆန္ဒနယ် ဦးအောင်ဇင်မှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် လိုက်လျောညီထွေမှု ရှိမည့် ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာစေရန် ဆိုသည့် အဆိုကို တင်သွင်းရာမှ အစပြုလာခြင်း ဖြစ်ပါသည်။ ဤအဆိုကို ပြည်သူ့လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ရာ ထောက်ခံမှုများ၍ အဆိုအား အတည်ပြုခဲ့ပြီး၊ အတည်ပြုခဲ့သည့် အဆိုအား လက်တွေ့ အကောင်အထည်ဖော်ရန် ယခု လေ့လာသုံးသပ်ရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း ဖြစ်သည်။ ကော်မရှင်သည် (၂) လကျော်ကြာ အချိန်ယူ လေ့လာစီစစ် သုံးသပ်ပြီး၊ မိမိ နိုင်ငံနှင့် သင့်တော်မည့် ရွေးကောက်ပွဲစနစ် (၈) မျိုးကို တင်သွင်းထားပါသည်။
ဤအချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို လွှတ်တော်သို့ မတင်မီကပင် ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်း (NBF) မှ အပြင်းအထန် ကန့်ကွက်ခြင်း၊ လွှတ်တော်တွင်းရှိ တိုင်းရင်းသား အမတ်များ ကလည်း ပြည်ထောင်စုလွှတ်တော် နာယကထံ လက်မှတ်ရေးထိုး ကန့်ကွက်ခြင်းများ ရှိခဲ့ပါသည်။ လွှတ်တော် နာယကမှလည်း ဤကိစ္စနှင့် ပတ်သက်၍ ပါတီအားလုံးကို ခေါ်ယူ တွေ့ဆုံပြီး မျှမျှတတ ဖြစ်အောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုထားပါသည်။
လွှတ်တော်တွင်းရှိ တိုင်းရင်းသား အမတ်များ အဓိက ကန့်ကွက်ရသည်မှာ ဤရွေးကောက်ပွဲ စနစ်ကို မကြိုက်၍ မဟုတ်၊ နိုင်ငံအတွက် လုပ်သင့်ပါက လက်ခံကြောင်း၊ သို့သော် တိုင်းရင်းသား ဒေသများ၌ လက်ရှိ အချိန်တွင် ဤစနစ်သစ်အတွက် အဆင်သင့် မဖြစ်သေးခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်မှ နိုင်ငံရေး/ စီးပွါးရေး သုတေသီ “လာရီဒိုင်းမွန်း” မှ မြန်မာနိုင်ငံ အနေဖြင့် နောက်ကြောင်းပြန် မလှည့်ရန် ဤစနစ်မျိုး ကျင့်သုံးသင့်ကြောင်း အကြံပြုရာမှ အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ် ပေါ်ပေါက်လာရခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် သိရှိရပါသည်။
မှတ်ချက် ။ ယခုတင်သွင်းမည့် ရွေးကောက်ပွဲစနစ် (၈) မျိုးလုံးကို ပြည်နယ် (၇) ခုနှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (၃) မြို့နယ် တို့တွင် ကျင့်သုံးမည်မဟုတ်ပါ။

ဆော;၀င်,
Powered by Blogger.