Friday, October 3, 2014

ပအိုဝ်းစာပေသင်ကြားရေး ကြီးကြပ်မှုကော်မတီ(ဗဟို)ရုံး ဖွင့်ပွဲ ကျင်းပ

တောင်ကြီး ၂၀၁၄ ခုနှစ်၊အောက်တိုဘာ ၃ ရက်


(၂ - ၁၀ - ၂၀၁၄) ရက်နေ့၊ သီတင်းကျွတ်လဆန်း(၉)ရက်၊ ကြာသပတေးနေ့၊ အမှတ်(၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့တွင် ပအိုဝ်းစာပေသင်ကြားရေး ကြီးကြပ်မှုကော်မတီ(ဗဟို)ရုံး ကို ဖွင့်လှစ်ခဲ့ပါသည်။
 အဆိုပါအခမ်းအနားကို ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေး သံဃာ့ဗဟိုအဖွဲ့ မြို့ဦးကျောင်း ဆရာတော် က အဖွင့်သြ၀ါဒ ချီးမြှင့်ပေးပြီး ဌာနေပြည်သူ့စစ် (ပီအဲန်အေ)မှ ဗိုလ်မှူးကြီးခွန်လာအနေဖြင့် အမှာစကားပြောကြားခြင်းနှင့် ပအိုဝ်းစာပေ သမိုင်းအကျဉ်း ရှင်းလင်းတင်ပြသွားပါသည်။
ပအိုဝ်းစာပေသင်ကြားရေး ကြီးကြပ်မှုကော်မတီ(ဗဟို)ရုံး ကို ဖွဲ့စည်းရခြင်းမှာ နိုင်ငံတော်အစိုးရကျောင်းတွင် သင်ကြားမည့် ပအိုဝ်းစာပေကို အဆင်ပြေချောမွေ့ (အထောက်အကူပြုစေရန်) ရည်ရွယ်ခြင်းဖြစ်သည်။
ပအိုဝ်းစာပေသင်ကြားရေး ကြီးကြပ်မှုကော်မတီ(ဗဟို)ရုံး ကို အထောက်အကူပြုရန်အတွက် ပအိုဝ်းစာပေမြှင့်တင်ပြန့်ပွားရေး သံဃာ့ဗဟိုအဖွဲ့၊ ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ၊ (ပီအဲန်အို) ပါတီ၊ ဌာနေပြည်သူ့စစ် (ပီအဲန်အေ)၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ တို့မှ စုစုပေါင်း အလှူငွေ သိန်း(၂၅၀)တိတိ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

                                                                                           
ခွန်ထင်;လေအောင်;
Powered by Blogger.