Monday, November 24, 2014

ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းအတွင်း ယနေ့အထိ ဆောင်ရွက်နိုင်ခဲ့သည့် ဥပဒေပြုလုပ်ငန်းများ

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့

ဓါတ်ပုံ - အင်တာနက်
ပထမအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၃၀.၁.၂၀၁၁) မှ ယနေ့ (၁၁) ကြိမ်မြောက် အစည်းအဝေးထိ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဥပဒေပြဌာန်းခြင်း၊ ပြင်ခြင်းနှင့် ရုပ်သိမ်းခြင်းများကို နှစ်အလိုက် ဆောင်ရွက်ခဲ့ရာတွင် ဥပဒေပေါင်း (၁၂၀) ခု ရှိပြီဖြစ်သည်။
၂၀၁၁ ခုနှစ်တွင် အသစ်ပြဌာန်း (၄) ခု၊ ပြင်ဆင်ခြင်း (၉) ခု၊ ရုပ်သိမ်း (၂) ခု ပေါင်း (၁၅) ခု၊
၂၀၁၂ ခုနှစ်တွင် အသစ်ပြဌာန်း (၂၀) ခု၊ ပြင်ဆင်ခြင်း (၁) ခု၊ ရုပ်သိမ်း (၃) ခု ပေါင်း (၂၄) ခု၊
၂၀၁၃ ခုနှစ်တွင် အသစ်ပြဌာန်း (၁၇) ခု၊ ပြင်ဆင်ခြင်း(၁၆) ခု၊ ရုပ်သိမ်း (၄) ခု ပေါင်း (၃၇) ခု၊
၂၀၁၄ ခုနှစ်တွင် အသစ်ပြဌာန်း (၂၀) ခု၊ ပြင်ဆင်ခြင်း (၂၂) ခု၊ ရုပ်သိမ်း (၂) ခု ပေါင်း (၄၄) ခု တို့ဖြစ်ပါသည်။
ဥပဒေပြုလွှတ်တော်တွင် ပအိုဝ်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် (၄) ဦး ပါဝင်ပြီး၊ အမျိုးသား လွှတ်တော်တွင် ဦးနေ၀င်းထွန်း (သတ္တုနှင့် သယံဇာတ ကော်မတီ) မှ ဦးဆောင်ပြီး ဥပဒေကြမ်း (၂) ခု ဖြစ်သည့် သတ္တုဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကျောက်မျက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်း ဆောင်ရွက်လျှက်ရှိရာ၊ သတ္တုဥပဒေမှာ လွှတ်တော်နှစ်ရပ် ဆွေးနွေးပြီး၍ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုနိုင်ရန် ဆောင်ရွက်လျှက်ရှိပါသည်။
ဥပဒေပြု လွှတ်တော်သည် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေရန်အတွက် ဥပဒေပညာရှင်များ၊ လိုအပ်လျှင် နိုင်ငံခြားမှ အဖွဲ့အစည်းများမှ ပညာရှင်များ၊ ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်များ၏ အကြံပြုချက်များ ရယူကာ ဆောင်ရွက်လျှက်ရှိပါကြောင်း သိရှိတင်ပြလိုက်ရပါသည်။

ဆော;၀င်,

Powered by Blogger.