Thursday, October 13, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားအာလူးပညာပေးစိုက်ခင်းတွင် တောင်သူပညာပေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်




၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ရက်နေ့ နံနက်ပိုင်း ၈း၀၀နာချိန်တွင် မြန်မာနယ်သာလန်ပူးပေါင်းမှုအစီအစဉ်အရ လယ်ယာကဏ္ဍတိုးတက်ရေးကို ရှေးရှု၍ တန်ဖိုးမြှင့်အာလူးသင်တန်းသက်ရောက်နေသည့် စိုက်ပျိုး ရေးဦးစီးဌာန လူမှုအဖွဲ့အစည်းများ ကုမ္ပဏီဝန်ထမ်းများ အာလူးစိုက်တောင်သူများပါဝင်သော သင်တန်းသား များ၏ အာလူးစမ်းသပ်စိုက်ပျိုးနေခြင်းကို နောင်တရားမြို့နယ်  နောင်တရားအာလူးစမ်းသပ် ပညာပေးစိုက်ခင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ပညာပေးအခမ်းအနားတွင် ရှမ်းပြည်နယ် ပြည်နယ်ဒုဦးစီးမှူး ဦးလှိုင်မင်းထွန်း၊ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်၊ နောင်တရားမြို့ အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း၊ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ တာဝန်ရှိသူများ ကုမ္ပဏီဝန်ထမ်းများနှင့်တောင်သူများ စုစုပေါင်း ၄၅၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် ပြည်နယ်ဒုဦးစီးမှူး ဦးလှိုင်းမင်းထွန်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောအောင်တို့မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး နယ်သာလန်အာလူးကျွမ်းကျင်ပညာရှင် မစ္စတာဖရန့်နှင့် မစ္စတာဖရန့်တာဗီး တို့မှ သင်တန်းသားများစတင်ဖွဲ့စည်းခြင်းများ အာလူးစမ်းသပ်စိုက်ပျိုး ဆောင်ရွက်ချက်များနှင့် စိုက်ပျိုးပုံစိုက်ပျိုးနည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာ သည်ပုဂ္ဂိုလ် အားလုံးတို့မှ စမ်းသပ်အာလူးစိုက်ပျိုးခင်းကို လေ့လာကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နန်းတင်ဦး
Powered by Blogger.