Friday, October 28, 2016

အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာအကြောင်းလာရောက်ဟောပြော

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်



တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ အမျိုးသမီးများနှင့်ပတ်သက်သည့် သားအိမ်ခေါင်းကင်ဆာအကြောင်းကို GSK အဖွဲ့မှ ဒေါက်တာညီညီဌေးနှင့် ဒေါ်ဝင်းပပလွင်တို့သည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ နံနက်(၁၀း၀၀)အချိန်တွင် လာရောက်ဟောပြောပေးခဲ့ကြောင်းသိရှိရပါသည်။
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်နေသူများသည် ရောဂါလက္ခဏာများပြသမှု မရှိသောကြောင့် သိရှိရန်ခက်ခဲသောရောဂါလက္ခဏာတစ်မျိုးဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာသိရှိနိုင်ရန်အတွက် အိမ်ထောင်သည်အမျိုးသမီးများသည် (၃)နှစ်မှ (၅)နှစ် တစ်ကြိမ် သားအိမ်ခေါင်းချွဲကို အချိန်မှန်မှန် စစ်ဆေးရန်လိုအပ်ပြီး အပျိုစင်အမျိုးသမီးများသည် ဒီ Test စစ်စရာမလိုသောကြောင့် “သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး” ကို (၃) ကြိမ်ပြည့်အောင်ထိုးပေးရန်လိုအပ်ပါသည်။
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုနှုန်းများသည့်အကြောင်းရင်းမှာ လိင်ဆက်ဆံခြင်း (သို့မဟုတ်) လိင်အင်္ဂါအရေပြားချင်းထိတွေ့ခြင်းကြောင့် အဓိကကူးစက်ပြီး အချိန်အခါမဟုတ်သွေးဆင်းခြင်း၊ လိင်ဆက်ဆံရင်းနာကျင်ခြင်း၊ သွေးထွက်လွန်၊ အပြင်းအထန်ကိုက်ခဲခြင်း၊ သွေးအားနည်း၊ ကျောက်ကပ်ပျက်စီး၊ တစ်ကိုယ်လုံးဖောယောင်၊ ပိန်ချုံးချိနဲ့ အားနည်းနေသူများသည် ရောဂါဖြစ်ပွားမှုရာခိုင်နှုန်းများနေသည်ကို တွေ့မြင်နေရပါသည်။
အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားနိုင်မှုအခြေအနေများ ရှောင်ရှားရသည့် အချက်များသည် အသက်(၁၈)နှစ်မပြည့်သောကြောင့် အိမ်ထောင်ကျသူများ၊ စီးကရက်သောက်သုံးသူများ၊ လိင်ဆက်ဆံဖော်များသည့်သူ (သို့) လိင်ဆက်ဆံဖော်များသော ယောက်ျားများနှင့် ဆက်ဆံသည့်သူများသည် ရောဂါဖြစ်ပွားမှုနှုန်းများနေသည်ကို တွေ့မြင်နေရပြီး  “လိင်ကနေတစ်ဆင့် ကူးစက်တတ်သောကြောင့် အဓိက လိင်ကိစ္စမှာ စည်းကမ်းရှိရန်အရေးကြီး၊ လိင်အပျော်အပါးရှောင်ရှား၊ မရှောင်နိုင်လျှင် ကွန်ဒုံးသုံး” စသည့် အကြောင်းအရာများဟောပြောပေးခဲ့ကြောင်းသိရှိရပါသည်။

မျင်းမိုရ်ခမ်းမူးပေ
Powered by Blogger.