Sunday, October 9, 2016

တောင်ကြီးတက္ကသိုလ်ကျောင်းသား/သူများက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးသို့ လာရောက် မီးဆူခံထွက်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်




နိုဝင်ဘာလ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအတွက် ဒီကနေ့ အောက်တိုဘာလ(၁၀)ရက်၊ တနင်္လာနေ့တွင် တောင်ကြီး အဝေးသင်တက္ကသိုလ်ကျောင်းသား/သူများက ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးသို့ လာရောက် မီးဆူခံထွက်ခဲ့ကြပါသည်။
ထို့သို့ ပအိုဝ်းဝတ်စုံအပြည့်ဖြင့် စုံစုံညီညီလာရောက်ကြသော တောင်ကြီးတက္ကသိုလ် ကျောင်းသား /သူများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံးရှိ အတွင်း ရေးမှူး(၃) ဦးခွန်တင်ထွဋ် နှင့် ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းတို့က အားပေး ချီးမြှင့်စကားပြောကြားခဲ့ပါသည်။
ထို့သို့ ပြောကြားရာတွင် ယနေ့ခေတ် လူငယ်များသည် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်များ ဖြစ်သောကြောင့် ပညာကို ကြိုးစားသင်ယူစေလိုကြောင်း၊ မိမိတို့ လူငယ်များသည် အနည်းဆုံး ဘွဲ့တစ်ခု ရရှိသင့်ကြောင်း၊ ကျောင်းပြီး၍ ဘွဲ့ရပါက နိုင်ငံ့တာဝန်နှင့် မိမိတို့ ပအိုဝ်းအမျိုးသားတာဝန်များကို ထမ်းဆောင်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တောင်ကြီးအဝေးသင်တက္ကသိုလ်ကျောင်းသား/သူများက ရင်းရင်းနှီးနှီး မိတ်ဆက်ပေးကြပြီး အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်က အလှူငွေများကိုပေးအပ်ကာ  တက္ကသိုလ်ကျောင်းသား/သူအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထင်:လေအောင်:
Powered by Blogger.