Wednesday, November 16, 2016

တမိုးအောက်(ညီနောင်များ)၏ စိုက်ပျိုးတောင်သူများဆက်ဆံရေး တောင်ကြီးရုံးသစ်ဖွင့်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်



တောင်ကြီးမြို့၊ ဂနိုင်ရေးရပ်ကွက် ကျောက်တစ်လုံးလမ်းမကြီးနှင့် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေကွင်း)အရှေ့ဘက်တွင် တမိုးအောက်(ညီနောင်များ)၏ စိုက်ပျိုးတောင်သူများ ဆက်ဆံရေး တောင်ကြီးရုံးသစ်ဖွင့်ပွဲကို ၂၀၁၆-ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရုံးသစ်ဖွင့်ပွဲတွင် ခွန်လှဖေမှ ဆက်ဆံရေးရုံးသစ် ဖွင့်လှစ်ရခြင်းအကြောင်းကိုလည်းကောင်း၊ ခွန်ထွန်းထွန်းဝင်းမှ ထောပတ်စိုက်တောင်သူများ၏ ပြဿနာများအကြောင်းကိုလည်းကောင်း၊ ကိုထွန်းမြင့်မှ ထောပတ်ပိုးစားခြင်း ကိုင်းခြောက်ခြင်း ထောပတ်မျိုးရွေးချယ်ခြင်း အကြောင်းများကိုလည်းကောင်း၊ ခွန်ကျော်ဌေးမှ သစ်သီးဝလံပန်းမံများ ကုန်သွယ်ရေးဆိုင်ရာ အကြောင်းကိုလည်းကောင်း အကျယ်တ၀င့် ဆွေးနွေးတင်ပြခဲ့ကြပြီး ကိုစိုးမြင့်လွင်မှ ထောပတ်ကိုင်းဆက်ခြင်းကို လက်တွေ့သရုပ်ပြပြုလုပ်ခဲ့ကြသည်။
စိုက်ပျိုးတောင်သူများဆက်ဆံရေး ရုံးသစ်ဖွင့်ရခြင်းနှင့်ပတ်သက်ပြီး တောင်သူဦးကြီးများ စိုက်ပျိုးလျှက်ရှိသော ထောပတ် သရက် လိမ္မော် အာလူး နနွင်း ဂျင်း ကြယ်ပဲစသည့် ဒေသထွက်ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး ကုန်သွယ်ရေး တန်ဖိုးမြှင့်ဈေးကွက်များကို သိရှိလိုပါက ဆက်သွယ်မြေးမြန်း ဆက်ဆံနိုင်ပါကြောင်း သိရှိရပြီး၎င်းစိုက်ပျိုးတောင်သူများ ဆက်ဆံရေးရုံးသစ် ဖွင့်ပွဲကို မြို့မိမြို့ဖများ ကျေးလက်စိုက်ပျိုးရေး တောင်သူဦးကြီးများ တစ်ရာကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.