Thursday, November 17, 2016

ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲ ကျင်းပမည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်


လာမည့် နိုဝင်လာလ (၂၀-၂၁) ရက်နေ့ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းခန်းမ(ဒဲဉ်သီးဗွေကွင်း)တွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးအကြိုညှိနှိုင်းဆွေးနွေးပွဲတွင် အားလုံးပါဝင်ရေးမူကို အခြေခံ၍ ပအိုဝ်းဒေသရှိ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပအိုဝ်းပြည်သူကိုယ်စားလှယ်အဖွဲ့ စုစုပေါင်း(၇၀)ကျော်ကို ဖိတ်ကြားထားပြီး လူဦးရေ(၃၀၀)ကျော် တက်ရောက်ဖွယ်ရှိကြောင်း သိရှိရသည်။

ဆွေးနွေးပွဲတွင် ပအိုဝ်းလူမျိုးများ၏ ခံစားသင့်ခံစားထိုက်သော အခွင့်အရေးများ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအကြောင်းအရာများ၊ ပအိုဝ်းလူမျိုးများ၏ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများကို ညှိနှိုင်းဆွေးနွေး သဘာတူညီမှု ရယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နဂါ့ခွန်
Powered by Blogger.