Friday, November 11, 2016

ISDP အဖွဲ့မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တာဝန်ရှိသူနှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်


ISDP (Institute For Security and Development Policy) အဖွဲ့မှ Country Director-Ms.Sophi Butcher သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းနှင့် လေ့ကျင့်ပညာပေးရေးဌာန၊ ဌာနမှူး ခွန်ဆောင်းရွှေ တို့အား လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ISDP(Institute For Security and Development Policy) နှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ပူးပေါင်းဆောင်ရွက်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးသင်တန်း အခြေအနေနှင့် သင်တန်းဆက်လက် ပြုလုပ်နိုင်ရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)နှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်း အကြေင်းအရာများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ခွန်ထွန်းဖြူ




Powered by Blogger.