Thursday, December 1, 2016

အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်က မိုင်းအသိပေးရှင်းလင်းရေးအဖွဲ့သားများကို ရင်းနှီးစွာ လက်ခံတွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်


တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)၊ ဗဟိုဌာနချုပ်ရုံး၌ ယနေ့ ၁၃၇၈-ခုနှစ် နတ်တော်လဆန်း(၂)ရက် ကြာသပတေးနေ့ နံနက်(၁၀း၃၀)အချိန်တွင် အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ် က မိုင်းအသိပေးရှင်းလင်းရေးအဖွဲ့ကို ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ မိုင်းအသိပေးရှင်းလင်းရေးအဖွဲ့နှင့် အတွင်းရေးမှူး(၃)ဦးခွန်တင်ထွဋ်တို့ တွေ့ဆုံဆွေးနွေးရာမှာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ ကျေးရွာများတွင် ရှေးယခင်က စစ်ပွဲများဖြစ်ခဲ့ဖူးသော အချို့ကျေးရွာများကို မိုင်းထောင်ထားခြင်းနှင့်ပတ်သက်ပြီး ယနေ့အချိန်ထိ ပေါက်ကွဲမှုမရှိသေးသည့် မိုင်းများအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

ယနေ့အချိန်ထိပေါက်ကွဲမှုမရှိသေးသည့်မိုင်းများကို ကျေးရွာနေမိဘပြည်သူများအတွက် အန္တရာယ်ကျရောက်လာနိုင်ပြီး ထိုအန္တရာယ်မျိုးမဖြစ်ရလေအောင် မိုင်းအသိပေးရှင်းလင်းရေးအဖွဲ့အနေဖြင့် မိုင်းများရှိ/မရှိ ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ပြီး အကယ်၍ မိုင်းများတွေ့ရှိပါက သက်ဆိုင်ရာ မိမိတို့ မိုင်းအသိပေးရှင်းလင်း ရေးအဖွဲ့များက ရှင်းလင်းဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ထံမှ သိရှိရပါသည်။

အဆိုပါ မိုင်းအသိပေးရှင်းလင်းရေးအဖွဲ့သည် ဆီဆိုင်မြို့နယ်မှ နမ်းခုတ်ကျေးရွာ အရှေ့ဘက်တကြောတွင် သော်လည်းကောင်း၊ ဟိုပုံးမြို့နယ်မှ ထီတခု၊ နောင်လေ၊ မောက်လွစ်၊ မီရဲ့ စသည့်ကျေးရွာများနှင့် မိုင်းပျဉ်းမြောက်ဘက်တွင်ရှိသော ကျေးရွာများကို အဓိကထားပြီး သွားရောက်လေ့လာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို
Powered by Blogger.