Thursday, December 1, 2016

လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် ဦးစားပေး ဆောင်ရွက်သွားမည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်


ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း က ပင်လောင်းမြို့နယ်ရှိ တကူမို့-လှဲပေ-ပင်မွန်းရွာ-ထာငိုရွာလမ်းများကို ကတ္တရာလမ်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာအောင်သူ က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ခု ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိခဲ့ပါ၍ လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် နှစ်အလိုက် ပြည်နယ်/ တိုင်းဒေသကြီးများ၏ ဦးစားပေး လျာထားတင်ပြမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုးကား - ပြည်သူ့လွှတ်တော်
Powered by Blogger.