Thursday, December 15, 2016

ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ရေးသားဖော်ပြခြင်းနှင့် လူထုအသံ မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်




ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ Royal Taunggyi Hotelတွင် DIPD နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့ပူးပေါင်းပြီး ပဋိပက္ခနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များကို ရေးသားဖော်ပြခြင်းနှင့် လူထုအသံ မြှင့်တင်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၁၆-ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက် နေ့မှစ၍ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ကြပါသည်။

အဆိုပါဆွေးနွေးပွဲ ပထမရက်နေ့တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဦးအောင်လှထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု(DIPD)မှ ဆရာမ မဆုမွန်အောင်က ဆွေးနွေးပွဲရည်ရွယ်ချက် အစီအစဉ်များကို ပြောကြားပေးခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပဋိပက္ခအခြေအနေဆိုင်ရာ သတင်းရေးသားခြင်းကို ဦးသီဟစောမှ ဆွေးနွေးတင်ပြပေးခဲ့ပြီး၊ လတ်တလောမီဒီယာလွတ်လပ်ခွင့် အခြေအနေများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဦးအုန်းကြိုင်မှ ဆွေးနွေးတင်ပြပေးခဲ့ပါသည်။

ထို့နောက် ပါတီများနှင့် သတင်းလွတ်လပ်ခွင့် ပါတီများအတွက် သတင်းလွတ်လပ်ခွင့်အရေး ပါတီများမှ သတင်းလွတ်လပ်ခွင့်အပေါ် လုပ်ဆောင်ရန် နည်းလမ်းများကို အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြပါသည်။ ထိုဆွေးနွေးပွဲကို နိုင်ငံရေးပါတီ(၂၀)ကျော်မှ ကိုယ်စားလှယ်များ၊ သတင်းဌာနပေါင်းစုံမှ သတင်းထောက်များ(၅၀)ကျော်တို့က တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.