Tuesday, December 20, 2016

ရပ်စောက်မြို့နယ်၊ ပအိုဝ်းအမျိုးသားအားလုံးနှင့် ဆိုင်သော ရုံးတည်ဆောက်ပြီးစီးနိုင်ရန် အစည်းအဝေး ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၀) ရက်





ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ပင်ဖြစ်စံပြကျေးရွာ အမှတ် (၄) ရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသော ရပ်စောက်မြို့နယ် ပအိုဝ်းအမျိုးသားအားလုံးနှင့် ဆိုင်သော ရုံး တည်ဆောင်ပြီးစီးနိုင်ရန် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးကို ပင်ဖြစ်မြို့မ ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် ဆောက်လုပ်လျက်ရှိသော မြို့နယ်ရုံးအား မြို့နယ်တွင်းရှိ ပအိုဝ်းမိဘပြည်သူများ လှူဒါန်းပေးနိုင်ပါရန်၊ တစ်ဦးချင်းအလိုက် အလှူရှင်များ ပေါ်ပေါ်က်လာစေရန်နှင့် ရုံးဖြစ်မြောက်ရေးကော်မတီကို စနစ်တကျဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါရုံးမှာ အလျား ပေ(၆၀) အနံ ပေ(၄၀) ဖြင့် ဆောက်လုပ်နေကြောင်း သိရှိရပါသည်။
အစည်းအဝေးတွင် ရုံးဖြစ်မြောက်ရေအတွက် မတည်လှူဒါန်းကြသည့် အလှူရှင်များမှာ ရပ်စောက်မြို့နယ် မြို့နယ်ပါတီရံပုံငွေမှ ကျပ်သိန်း (၄၀)၊ ဦးခွန်သိန်မြင့် + ဒေါ်တင်တင်အေး မိသားစုမှ ကျပ်သိန်း (၃၀)၊ ဦးခွန်စံသိန်း + ဒေါ်နန်းထန်းလား (လျှပ်စစ်ဆိုင်မှ) ရေတွင်းတလုံးနှင့် ကျပ် (၃)သိန်း၊ ဦးချွန် + (ဒေါ်နန်းယွန်း) မိသာစုမှ ကျပ် (၁)သိန်း၊ ဦးစံသိန်း + ဒေါ်နန်းဒွီး မိသာစုမှ ကျပ် (၁) သိန်း၊ ဦးခွန်စစ် တပ်ဦးကျေးရွာမှ ကျပ် (၁)သိန်း၊ ဦးခွန်မောင်ရီ ငါးပင်ရွာမှ ကျပ် (၅)သောင်း၊ ဦးခွန်မောင်ဖြူ ငါးပင်ရွာမှ ကျပ် (၅)သောင်း၊ ဦးခွန်လှကျော် ဆတ်သေရွာမှ ကျပ် (၅)သောင်း၊ ဦးခွန်မောင်ဖြူ မြေမဲရွာမှ ကျပ် (၅)သောင်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ရပ်စောက်မြို့နယ် ပအိုဝ်းအမျိုးသားအားလုံးနှင့် ဆိုင်သော ရုံးအောင်မြင်ပြီးစီနိုင်ရန်အတွက် လှူဒါန်းလိုသော ပုဂ္ဂိုလ်အလှူရှင် များအနေဖြင့် ဦးခွန်စံသိန်း (ဖုန်း- 09788725251) ကို ဆက်သွယ်၍ လှူဒါန်းနိုင်ပါကြောင်း နိုးဆော်အပ်ပါသည်။

ခွန်စံသိန်း


Powered by Blogger.