Thursday, December 8, 2016

တိုက်ပွဲများရပ်ဆိုင်းရေးအတွက် ရှမ်းပြည်နယ်အစိုးရမှ ဦးဆောင်၍ ငြိမ်းချမ်းရေးဆွေးနွေးပေးရန်အဆိုကို ရှမ်းပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်



၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်၊ ကြာသပတေးနေ့၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရှိရပါသည်။ ထိုအဆိုများသည် “ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ ၁၀၅ မိုင်တို့တွင် ဖြစ်ပွားချက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်၊ စားဝတ်နေရေးတို့ကို များစွာထိခိုက်သောကြောင့် တိုက်ပွဲများအမြန်ဆုံးရပ်ဆိုင်းရေးကို ပြည်ထောင်စုအစိုးရ၊ ရှမ်းပြည်နယ်အစိုးရမှ ဦးဆောင်၍ ငြိမ်းချမ်းရေးဆွေးနွေးပေးရန်” အရေးကြီးအဆိုကို တင်သွင်းခဲ့ရာ “ ပြည်တွင်းငြိမ်းချမ်းရေးမရရှိ၍ နိုင်ငံဖွံ့ဖြိုးမှုသည်လည်း လွန်စွာနှေးကွေးခဲ့ပါသည်။ စစ်ပွဲကြောင့် နှစ်ဖက်သောအသက်များဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်း၊ ပြည်သူများအသိဒုက္ခရောက်ရှိခြင်း၊ စစ်ဘေးရှောင်ပြည်သူများပြားလာခြင်း၊ ပြည်သူများ ဘ၀လုံခြုံမှုမရှိခြင်း၊ ကလေးသူငယ်များပညာမသင်ကြားနိုင်ခြင်း၊ ကလေးငယ်များ စိတ်ဒဏ်ရာရရှိခြင်းဆိုသည့် ဆိုးကျိုးအပြင် နိုင်ငံတော်အတွက်သည်လည်း လူသားအရင်းအမြစ်များဆုံးရှုံးခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲလုပ်သည်ဆိုသည်ကို လူတစ်ဦး၏အခက်အခဲကိုသိအောင်လုပ်ပြီး ပွင့်လင်းမြင်သာအောင်ဆွေးနွေး၍ ယုံကြည်မှု တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ပြဿနာဖြစ်ရင်ဘာကြောင့်ဖြစ်သည်ကို ပြဿနာ၏အရင်းအမြစ် အရင်ဆုံးရှာရမည်ဖြစ်ကြောင်း၊ ပြဿနာအရင်းအမြစ်ကိုသိအောင်ရှာပြီး စာပွဲပေါ်မှာအဖြေရှာရင် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း” စသည့်ဆွေးနွေးခဲ့ပြီးနောက် ရှမ်းပြည်နယ်လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူကြောင်း သိရှိရပါသည်။

ခမ်းမျင်မိုရ်
Powered by Blogger.