Tuesday, December 6, 2016

ပင်လောင်းမြို့နယ်အတွင်း ကွက်စိပ်/ကွက်ကြဲ တိုင်းတာသတ်မှတ်နိုင်ရေး ခွင့်ပြုမိန့်ရရှိပါက ဆောင်ရွက်ပေးမည်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်


ဒီဇင်ဘာလ ၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပင်လောင်း မဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း က ပင်လောင်းမြို့ရှိ ရင်းမှီးရပ်ကွက်နှင့် ကိုးခေါင်ရပ်ကွက်၊ နောင်တရားမြို့ရှိ မြို့ဧရိယာ (၂၇၀၉) ဧကနှင့် ရပ်ကွက် (၃) ရက်ကွက်၊ ပေါင်းလောင်းမြို့ရပ်ကွက် (၆) ရပ်ကွက်တို့ အား မြို့ကွက်များဖြင့် တည်ရှိနိုင်ရေး ကွက်စိတ်ကွက်ကြဲ တိုင်းတာပေးရန်နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူက ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်း ကွက်စိတ်/ကွက်ကြဲ တိုင်းတာသတ်မှတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကုန်ကျမည့် ခန့်မှန်းကုန်ကျစရိတ်အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် သုံးစွဲခွင့်ပြုမိန့်ရရှိနိုင်ရေး စနစ်တကျတွက်ချက်တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုမိန့်ရရှိပါက ကွက်စိတ်/ကွက်ကြဲ တိုင်းတာခြင်း လုပ်ငန်းအား လုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုးကား - ပြည်သူ့လွှတ်တော်
Powered by Blogger.