Wednesday, December 7, 2016

မဟာမိတ်တပ်ပေါင်းစုကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှမ်းပြည်နယ်လွှတ်တော်တွင် အတည်ပြု

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်




၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ဗုဒ္ဓဟူးနေ့၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်လွှတ်တော်ခန်းမတွင် ဒုတိယအကြိမ်ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။ ထိုအစည်းအဝေးသည် “ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်ဒေသမှာဖြစ်ပွားနေသည့် KIA၊ TNLA၊ MNDAA လက်နက်ကိုင်သောင်းကျန်းသူများ၏ အပြစ်မဲ့ပြည်သူလူထုအပေါ် ဆောင်ရွက်ကြသော ဆောင်ရွက်ချက်များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်ကြောင်း “အရေးကြီးအဆိုကို တင်သွင်းရာ ရှမ်းပြည်နယ်လွှတ်တော်က လျို့ဝှက်ဆန္ဒမဲဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲအနေဖြင့် (၆၃) မဲ၊ ကန့်ကွက်မဲအနေဖြင့် (၄၅) မဲ၊ ကြားနေမဲအနေဖြင့် (၇) မဲ ဖြင့် မဲခွဲဆုံးဖြတ်ပြီးနောက် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ရှမ်းပြည်နယ်လွှတ်တော်က အတည်ပြုလိုက် ကြောင်းသိရှိရပါသည်။

ခမ်းမျင်းမိုရ်း

Powered by Blogger.