Thursday, December 29, 2016

သမိုင်းဝင်မွေတော်ကက္ကူစေတီပုထိုးများအား EUသံအမတ်Mr.Roland Kobiaနှင့် ဇနီး လာရောက်လည်ပတ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်





အထူးဒေသ(၆) ကျောက်တလုံးကြီးမြို့နယ် မွေတော်ကက္ကူကျေးရွာ၌ လူမျိုးပေါင်းစုံတည်ထား ကိုးကွယ်လျက်ရှိသော သမိုင်းဝင်မွေတော်ကက္ကူစေတီပုထိုးများအား EUသံအမတ်Mr.Roland Kobiaနှင့် ဇနီး သည် ယနေ့ ၁၃၇၈-ခုနှစ် နတ်တော်လကွယ် ဗုဒ္ဓဟူးနေ့ နံနက်(၁၀း၃၀)အချိန်တွင် လာရောက်လည်ပတ်ခဲ့ပါသည်။

အဆိုပါ EUသံအမတ် Mr.Roland Kobiaနှင့် ဇနီးက အခုလို သမိုင်းဝင်မွေတော်ကက္ကူစေတီပုထိုးများ၏ သမိုင်းကြောင်းအစဉ်အလာများကို သိရှိလိုသည်နှင့်စပ်လျဉ်း၍ မွေတော်ကက္ကူဘုရားဂေါပကအဖွဲ့မှ ဖြားတန်ကျောင်းဆောင်က ရှင်းလင်းဖြေကြားပေးခဲ့ပါသည်။

ဆက်လက်၍ EUသံအမတ်Mr.Roland Kobiaနှင့် ဇနီးသည် ထီနဲ့ကျေးရွာတွင် အသစ်ဖွင့်လှစ်လျက်ရှိသည့် ပအိုဝ်းဒေသ ကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း အပန်းဖြေနားနေဆောင်သို့ သွားရောက်လည်ပတ်ကြည့်ရှု့ကာ ထီနဲ့ကျေးရွာမှ ရွာသူရွာသားများက ပအိုဝ်းရိုးရာအိုးစည်ထုံမောင်းနှင့်တကွ အတီးအမှုတ်တူရိယာများဖြင့် လှိုက်လှိုက်လှဲလှဲ ဧည့်ခံကြိုဆိုခဲ့ကြပါသည်။

ထို့နောက် ထီနဲ့ကျေးရွာတွင် အသစ်ဖွင့်လှစ်လျက်ရှိသည့် ပအိုဝ်းဒေသ ကျေးရွာလူထုပူးပေါင်းပါဝင်သော ခရီးသွားလုပ်ငန်း အပန်းဖြေနားနေဆောင် အခြေအနေများကို EUသံအမတ်Mr.Roland Kobiaနှင့် ဇနီးက သိရှိလိုသည်နှင့် စပ်လျဉ်း၍ CTI (Community Involved tourism Pa-O Region) မန်နေဂျာ ခွန်ထွန်းဦး က ရှင်းလင်းဖြေကြားပေးခဲ့ပြီးနောက် ဒေသခံရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နူတ်ဆက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဗန်ထို

Powered by Blogger.