Thursday, December 15, 2016

RESEARCH COODINATOR ဖြစ်သည့် Julien Moriceau မှ ရုံးအဖွဲ့မှူးနှင့် လာရောက်တွေ့ဆုံဆွေးနွေး

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်


၂၀၁၆၊ ဒီဇင်ဘာ (၁၅)ရက်နေ့၊ ညနေ (၄)နာရီတွင် ဘယ်ဂျီယံနိုင်ငံ၊ RESEARCH PROJECT ON ACCESS TO JUSTICE အဖွဲ့မှ RESEARCH COODINATOR ဖြစ်သည့် Julien Moriceau သည်  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ဗဟိုဌာနချုပ်ရုံး သို့လာရောက်၍ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်း နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပအိုဝ်းဒေသ နိုင်ငံရေးဖြစ်စဉ်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ငြိမ်းချမ်းရေးရယူသည့် အကြောင်းအရာများ၊ ပအိုဝ်းဒေသတွင်း အုပ်ချုပ်ရေးစနစ်အကြောင်းများနှင့် တရားဥပဒေစိုးမိုးရေးအကြောင်းအရာများကို တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခွန်ဓဇ

Powered by Blogger.