Wednesday, January 18, 2017

ဟိုပုံးမြို့၊ ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက်










ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ရန်ကင်းဘုန်းကြီးကျောင်းတိုက်တွင် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင့်ပခွင့်ရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် ပအိုဝ်းအမျိုသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက်၊ နံနက် (၉း၃၀) အချိန်တွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဖြားခွန်စံလွင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပတော့မှာဖြစ်ပြီး ပအိုဝ်းတစ်မျိုးသားလုံး ထိုက်သင့်သော အခွင့်အရေးများကို ရရှိနိုင်ရန်အတွက် ပအိုဝ်းတစ်မျိုးသားလုံးအနေဖြင့် ပူးပေါင်းတိုင်ပင် ဆွေးနွေး အဆိုတင်သွင်းမှသာလျှင် ပအိုဝ်းတစ်မျိုးသားလုံး၏ အခွင့်အရေးများရရှိလာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ NCA ပေါ်ပေါက်လာပုံနှင့် NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ၊ UPDJC နှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံ၊ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲ အသီးသီးဖြစ်ပေါ်လာပုံအဆင့်ဆင့်များကို ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်ထွန်းရွှေ၊ ခွန်သောမတ် တို့မှ  အကျယ်တ၀င့်ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ နိုင်ငံရေးဆွေးနွေးပွဲ (အကြို) သို့ တက်ရောက်လာသော လူထုကိုယ်စာလှယ်များက မေးခွန်းမေးမြန်းဆွေးနွေးအကြံပြုခြင်းနှင့် အုပ်စုဖွဲ့ဆေးနွေးခြင်းများကို ကျင်းပပြုလုပ်ကာ ပအိုဝ်းတစ်မျိုသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်မည့် လူထုကိုယ်စာလှယ်များ ရွေးချယ်ခြင်းအကြောင်းကိုလည်း ခွန်သောမတ်က ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ဒေသခံလူထုကိုယ်စားလှယ် (၁၆၀) ခန့်တက်ရောက်ခဲ့ပါသည်။
၎င်းးဆွေးနွေးပွဲသည် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကို အဆင်ပြေချောမွေ့နိုင်ရန် နှင့် ငြိမ်းချမ်းရေးကို ပိုမိုသဘောပေါက်နားလည်လာစေရန် ရည်ရွယ်၍ ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသာအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို)ကို တောင်ကြီး၊ ပင်လုံ၊ နောင်တရား၊ ဆိုက်ခေါင်၊ ရပ်စောက် တို့တွင် ကျင်းပပြုလုပ်ပြီးစီးခဲ့ပြီး ကျန်ရှိသောပအိုဝ်းနေထိုင်ရာဒေသအသီးသီးများကိုလည်း ဆက်လက်ကျင်းပသွားရန်ရှိကြောင်း သတင်းရရှိပါသည်။

ခမ်းချယ်ရီ

Powered by Blogger.