Tuesday, January 17, 2017

ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်








ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာ၊ ပင်ဖြစ်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင့်ပခွင့်ရှိသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ဦးဆောင်ပြီး ငြိမ်းချမ်းရေးနှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (အကြို) ကို ဒီကနေ့ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့၊ အင်္ဂါနေ့တွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လူကြီးမင်းများနှင့် လူထုကိုယ်စားလှယ်များက မြို့မကျောင်းဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒစကားခံယူပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ တွဲဖက်အတွင်းရေးမှူး (၃) ခွန်တင်ထွဋ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး NCA ပေါ်ပေါက်လာပုံနှင့် NCA ကို  အခြေခံသော ငြိမ်းချမ်းရေးဖြစ်စဉ်များ၊ UPDJC နှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ်လာပုံ နှင့် ပအိုဝ်းတစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အသီးသီးဖြစ်ပေါ်လာပုံများကို ဖြားခွန်မြင့်ထွန်း၊ ဖြားခွန်ထွန်းရွှေ၊  ခွန်ဆောင်းရွှေ တို့မှ အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသည့် လူထုကိုယ်စားလှယ်များမှ မေးခွန်းမေးမြန်းခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကာ ပအိုဝ်းတစ်မျိုးသားလုံးအဆင့် နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်မည့်ဒေသခံလူထု ကိုယ်စားလှယ်များ ရွှေးချယ်ခြင်းကို ခွန်မျိုးမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်ဒေသခံလူထုကိုယ်စားလှယ် (၄၀၀) ကျော်ရှိကြောင်း သိရှိရပါသည်။

ခမ်းချယ်ရီ


Powered by Blogger.