Wednesday, January 18, 2017

ရှမ်း/ကယားနယ်စပ် ထီးစဲခါးရေတံခွန်သည် အပန်းဖြေလာရောက်သူများပြား

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၈) ရက်


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာ ထီးစဲခါးရေတံခွန်သည် ရှေးနစ်ပေါင်းများစွာက တောခြုံများဖုံးလွမ်းနေပြီး ငါးရှာသူများအပ သွားလာသူ မရှိခဲ့ကြောင်းသိရပါတယ်။ ၂၀၀၁ ခုနှစ်မှစပြီး ပဒေါင့်အမျိုးသား ဦးစိုင်းလုံကြီးကိုယ်တိုင် မိဘပြည်သူများ အပန်းဖြေနိုင်ရန် ငွေကြေးမြောက်များစွာကုန်ကျခံ ခုတ်ထွင်ရှင်းလင်းခဲ့ပြီး လမ်းတံတားများကို ပြုပြင်လှူဒါန်း ခဲ့ပါတယ်။
အဆိုပါ ထီးစဲခါးရေတံခွန်သည် ယခုအချိန်တွင် ဆရာတော် ဦးပညာဝံသနှင့် သူ့တပည့်ကိုဖုန်းကျော်၊ တာဝန်ရှိသူတို့က ဦးဆောင်ပြီး ယခုအချိန်(၂)နှစ်အတွင်းမှာ အပန်ဖြေလာရောက်တဲ့ မိဘပြည်သူ တိုင်းရင်းသားများ စည်းကားလျက်ရှိပြီး ယခုလအတွင်း ကယားပြည်နယ်နေ့နှင့် တိုးနေ၍ လာရောက်အပန်ဖြေတဲ့ ပြည်သူပိုများနေကြောင်း၊ ပြီးခဲ့သည့်လတွင်လည်း စနေ၊ တနင်္ဂနွေနေ့ရုံးပိတ်ရက်တွင် လာအပန်ဖြေတဲ့သူ အယောက်(၃၀၀)ကျော်ရှိကြောင်း သိရပါတယ်။ ယခု(၂)နှစ်အတွင်း ဘာကြောင့် လာရောက်အပန်ဖြေတဲ့သူ များလည်ဆိုတော့  စက်မှုဆိုင်ရာနှင့် ဒေသငြိမ်းချမ်းလာလို့ဖြစ်ကြောင်း၊ ဖုန်းသုံးစွဲတဲ့သူများလို့ အပန်ဖြေတဲ့သူ ဓါတ်ပုံရိုက်ပြီး အင်တာနက်ပေါ်မှာတင်ပြီး လူသိများလာလို့ လာရောက်အပန်ဖြေတဲ့သူ ပိုများလာကြောင်း ဆရာတော် ဦးပညာဝံသ တပည့်ကိုဖုန်းကျော်၏ ပြောပြချက်အရသိရပါတယ်။
အဆိုပါ ထီးစဲခါးရေတံခွန် မိဘပြည်သူများအပန်းဖြေနိုင်ရန် ငွေကြေးမြောက်များစွာကုန်ကျခံ ခုတ်ထွင်ရှင်းလင်းပေးသော ပဒေါင့်အမျိုးသားဦးစိုင်လုံးကြီးသည် ကွယ်လွန်သွားသည်မှာ (၁)နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။  ယခုအချိန် မိဘပြည်သူများ သွားလာဖို့အဆင်ပြေအောင် လမ်း/တံတားများကို ဆရာတော် ဦးပညာဝံသဦးဆောင်ပြီး လုပ်ဆောင်လျက်ရှိကာ တရားစခန်းတွေလည် ဖွင့်လှစ်ထား၍ မည်သူမဆို လာရောက်တရားအားထုတ်လို့ရကြောင်း သိရှိရပါတယ်။

ခွန်နေဝင်း
Powered by Blogger.