Monday, January 9, 2017

ဆိုက်ခေါင်-နမ်းပေါ်လိတ်လမ်း၊ မမုံးဆုံကျောင်းဆောင်သစ်နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦး ဖွင့်ပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်





ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဂျာမဏီ-မြန်မာပူးပေါင်း ဆောင်ရွက်သည့် ကျေးလက်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် ဆိုက်ခေါင်-မိုက်တီး-နမ်းပေါ်လိတ် လမ်းပိုင်း ကတ္တရာ-ကျောက်ချောလမ်း(၁၅.၀၄၅)KM၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ (မမုံးဆုံ)ကျောင်းဆောင်သစ်နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ အဆောက်အဦး(မိုက်တီး)ဖွင့်ပွဲအခမ်းအနားကို 2016-ခုနှစ်၊ ဇန်န၀ါရီ လ(၈)ရက်နေ့ နံနက်(၈း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် စိုက်ပျိုးရေး/မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပေးခြင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပေးခြင်း၊ (GFW guaff မှ Consulant)တာဝန်ရှိသူမှ လမ်းဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ 3MDG စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရှင်းလင်းတင်ပြခြင်း၊ ဒေသခံပြည်သူများကိုယ်စား ခွန်ကြည်မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရနှင့် ဒေသဦးစီး ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ အလှူရှင်နှင့် ဒေသခံပြည်သူများ (၅၀၀၀)ကျော် တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.