Sunday, January 8, 2017

ကျောက်တလုံးကြီးမြို့နယ် ကက္ကူဓမ္မစကူးလ်းမှ စုံညီအားကစားယှဉ်ပြိုင်ပွဲများ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်





တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့နယ်ခွဲ ကက္ကူဓမ္မစကူးလ်မှ စုံညီအားကစားယှဉ်ပြိုင်ပွဲများကို ဒီကနေ့ ၂၀၁၇ခုနှစ်၊ ဇန်န၀ါရီလ(၈)ရက်၊ တနင်္ဂနွေနေ့တွင် ကက္ကူစေတီတော်အနီး၌  ပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။
၎င်းပြိုင်ပွဲများသို့ ဆရာတော်များ၊ ဓမ္မစကူးလ် ဆရာ/မများ၊ ရပ်မိရပ်ဖများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး ဘောလုံးကန်၊ ပူစီဖောင်းမှုတ်၊ ဇွန်းကိုက်၊ အပ်ချည်ထိုး၊ မုန့်စား၊ အာလူးကောက်စသည့် ပြိုင်ပွဲများ ပြုလုပ်ကျင်းပခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုချီးမြှင့်ပေးခဲ့ကြောင်း  သိရှိရပါသည်။
ဤသို့ ဓမ္မစကူးလ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ “ဟိုတုန်းက ဦးဇင်းတို့ ကက္ကူမှာ နွေရာသီ ယဉ်ကျေးမှု စဖွင့်တယ်။ တခြားရွာက လာတက်ချင်တယ်။ အသွားပြန် အခက်ခဲတွေ နေစရာ စားစရာ အခက်ခဲတွေ သင်ချင်ပေမယ့် အခက်ခဲပေါင်းများစွာကြောင့် အဆင်မပြေတဲ့ ဘေးကရွာတွေ အဆင်ပြေပါစေဆိုပြီး  အတူတကွ ကိုယ့်ရွာနဲ့ကိုယ် သင်ကြားနိုင်ကြပါစေရန် ဖွင့်လှစ်ပေးရခြင်းဖြစ်သည်။ ဒါပထမ တစ်ချက်ပေါ။ ဒုတိယက ရပ်ရွာမှာရှိတဲ့ ကလေးငယ်များ စစ်မှန်တဲ့ ဗုဒ္ဓဘာသာ အဆုံးအမ သိရှိစေရန်နှင့် အနာဂါတ်မှာ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းစေရန် ဗုဒ္ဓသာသနာတော်ကြီး ပိုမို ရှည်ကြာတည်တံ့စေရန် ဘုရားတရားသံဃာ ရတနာမြတ်သုံးပါး ရင်ထဲအမြဲကိန်းအောင်းစေရန် ဘာသာရေးခေါင်းဆောင်တစ်ယောက် အနေနဲ့ အမျိုးဘာသာ သာသနာ အတွက် တတ်နိုင်သမျှ ပရဟိတစိတ်ထား မေတ္တာအားဖြင့် စေတနာမှန် အရင်းခံကာ ခုလို ဓမ္မစကူးလ် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မျာဖြစ်ပါတယ်” ဟု မွေတော်ကက္ကူ ဓမ္မစကူးလ် အရှင်ဥတ္တမက မိန့်ကြားထားပါသည်။
အဆိုပါကက္ကူဓမ္မစကူးလ် ယဉ်ကျေးမှုသင်တန်းကို ၂၀၁၂ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပေးခဲ့ပြီး ယခုနှစ်တွင် ဓမ္မစကူးလ် ဆရာဖြစ်သင်တန်းကို ၇ ရက်သင်ကြားပို့ချပေးပြီး ရဟန်းသံဃာ၊ ဆရာ/မ အင်အား ၆၀ ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ယခုလက်ရှိတွင် ကက္ကူဌာန၌ ကလေးဦးရေ (၇၀)ကျော်ရှိကြောင်း သိရှိရပါသည်။

နဂါ့ခွန်

Powered by Blogger.