Saturday, January 21, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်အဖွဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လှည့်လည်ကြည်ရှုပြီး ပဆျားကြိုးကျေးရွာရှိ ဒေသခံလူများနှင့် တွေ့ဆုံပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂၁) ရက်








၂၀.၁.၂၀၁၇ ရက်နေ့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စု၊ ပဆျားကြိုးကျေးရွာတွင် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့်အဖွဲ့ဝင်များ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဖော်ဆောင်မှုကို လှည့်လည်ကြည့်ရှုပြီး ဒေသခံမိဘပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ပဆျားကြိုးကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလနှင့် သြ၀ါဒများခံပြီးနောက် ဗဟိုအလုပ်မှုဆောင် ဦးခွန်ချွန်းမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ်အမှတ်(၂) ခွန်မောင်ပယ်၊ PNA-အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တွဲဖက်ကွပ်ကွဲရေးမှူး(၂) ဦးခွန်လှမောင်၊ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်စံလွင်တို့မှ ညီညွတ်ရာ ညီညွတ်ကြောင်းများ၊ အဖွဲ့အစည်းသာကွဲမည် သွေးမကွဲဖို့ရန်လိုအပ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တ၀င့် ဟောပြောခဲ့ပါသည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နားသံကျေးရွာအုပ်စုရှိ ပဆျားကြိုး အထက်တန်းကျောင်း(ခွဲ)ဆရာ/များနှင့်ကျောင်းကော်မတီများတွေ့ဆုံခဲ့ရာ အသစ်ဆောက်လုပ်နေသော (၆၀×၃၀)ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုခဲ့ပြီး အသစ်ဖောက်လုပ်နေသာ လုံးဒါ-ပဆျားကြိုး ၁.၄ မိုင် ကတ္တရာလမ်းနှင့် နားသံကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်ဒေသစာသင်ကျောင်းများ၊ အသစ်ဖောက်လုပ် ပြီးသော မြေသားလမ်းများနှင့် ကျောက်ချောလမ်းများ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။

နယ်;ကူ- ခွန်ဗီး

Powered by Blogger.