Wednesday, January 11, 2017

ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား နောင်ကားဘောလုံးပြိုင်ပွဲ ပိတ်ပွဲသို့ (MFF) တာဝန်ရှိသူများ တတ်ရောက်မည်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်


(၁၇)ကြိမ်မြောက်အဖြစ် ကျင်းပသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တစ်လုံးမြို့နယ် နောင်ကားတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားပြိုင်ပွဲ(နောင်ကားပြိုင်ပွဲ) ပိတ်ပွဲသို့မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ တတ်ရောက်မည်ဟု သိရသည်။
အဆိုပါ နောင်ကား ပိတ်ပွဲသို့တတ်ရောက်ရန်အတွက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ CEO ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး၊ ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥဣဋ္ဌ ဦးဝင်းမျိုး၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ ဝါရင့်အားကစားကလောင်ရှင် ဦးချစ်ဝင်းအောင်အပါအဝင် မီဒီယာသမားများကိုလည်း ဖိတ်ကြားထားကြောင်းသိရသည်။
အသင်းပေါင်း (၉၆)သင်း ပါဝင်ယှဉ်ပြိုင်နေသည့် အဆိုပါနောင်ကားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းနားကိုလာမည့် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါနေ့အမှီ ဖိတ်ကြားခံထားရသူများမှာ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။ ထို့အတူ မြန်မာနေရှင်နယ်လိဂ်၌ ပအိုဝ်းဒေသကိုယ်စားပြု အသင်းတစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက်လည်း ပအိုဝ်းတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တာဝန်ရှိသူများ ဆွေးနွေးသွားရန်ရှိကြောင်းသိရသည်။

ကိုးကား- MFFG
PNO Media

Powered by Blogger.