Wednesday, January 4, 2017

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွင့်ပွဲ အခမ်းအနား သို့တက်ရောက်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်
photo - moi
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊  ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ ဦးခွန်မောင်သောင်းသည် (၁-၁-၂၀၁၇) ရက်နေ့  နေပြည်တော် ဝဏ္ဏသိဒ္ဓိ ရပ်ကွက်၌ ကျင်းပခဲ့သော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ 

photo - moi
အဆိုပါအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဆိုင်းဘုတ်ကို  စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ငြိမ်းချမ်းရေး ဗဟိုဌာန ခန်းမဆောင်၌ ဖွင့်ပွဲ အထိမ်းအမှတ်  မိန့်ခွန်း ပြောကြားသည်။

photo - moi
ယင်းနောက် ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တက်ရောက် လာကြသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရှိရပါသည်။

သတင်းနှင့် ဓါတ်ပုံ - www.moi.gov.mm

Powered by Blogger.