Sunday, January 1, 2017

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ပြည်သူ့ဆက်ဆံရေးဌာနနှင့် ၀က်ဆိုဒ်ဌာတို့မှ ကျောက္ကချားရွာ ဒေသခံလူငယ်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီလ (၂) ရက်




၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး ပြည်သူ့ဆက်ဆံရေးဌာနနှင့် ၀က်ဆိုဒ်ဌာတို့သည် (PNO) နိုင်ငံတကာဆက်ဆံရေးဌာနှင့် ပီတိဆရာကွန်ယက်တို့ ပူးပေါင်းဖွင့်လှစ်ပိုချပေးလျှက်ရှိသော English Four Skill သင်တန်း၊ ညနေပိုင်းအစီအစဉ်တွင် ကျောက္ကချားရွာရှိ ဒေသခံလူငယ်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံးဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုတွင် ပြည်သူ့ဆက်ဆံရေးဌာနှင့် ၀က်ဆိုဒ်ဌာနတို့ ဆောင်ရွက်လျှက်ရှိသော ဌာနလုပ်ငန်းစဉ်များအား ဒေသခံများအား ရှင်းလင်တင်ပြခဲ့ပါသည်။ ထိုသို့ ရှင်းလင်းတင်ပြရာတွင် ပြည်သူ့ဆက်ဆံရေးဌာန ဌာနမှူးခွန်စောလွင်မှ “ အဖွဲ့ချုပ်သည် ပြည်သူ၊ ပြည်သူသည် အဖွဲ့ချုပ်” ဟု ပြောကြားပြီး အဖွဲ့ချုပ်နှင့် ပြည်သူ အမြဲတစေကောင်းမွန်သော ဆက်ဆံရေး တည်ရှိရမည်။ အဖွဲ့ချုပ်မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများကို ပြည်သူများမှ သိရှိပြီး ပူပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ပြည်သူ၏ အခက်အခဲများ၊ လိုအပ်ချက်များကိုလည် အဖွဲ့ချုပ်မှ သိရှိပြီး ကူညီဖြေရှင်းပေးရန် တိုင်ပင်ဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း၊ ယနေ့ ကျွန်တော်တို့ ပအိုဝ်းလူမျိုးသည် ပြည်ထောင်စုတွင် နေထိုင်ပြီး ပြည်ထောင်စုစိတ်ဓါတ်နှင့် မျိုးချစ်စိတ်ဓါတ်ကို မွေးမြူရမည်ဖြစ်ပြီး အနာဂါတ်မျိုးဆက်သစ်များကို ပညာရေး အာပေးမြှင့်တင်ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်ရန် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း “ယုံကြည်မှုသည် ဘာသာတရား၌ အဓိကရှိသကဲ့သို့ မျိုးချစ်စိတ်သည် နိုင်ငံရေး၌ အဓိကဖြစ်သည်” ဟု ပြောကြားသွားပါသည်။ တွေ့ဆုံဆွေးနွေးသွားသော ပြည်သူ့ဆက်ဆံရေးဌာနသည် ဒေသအတွင်း လူငယ်များ ပညာသင်ကြားခြင်း အခွင့်အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်း၊ အဖွဲ့ချုပ် တင်ပြလာသော ပြည်သူ၏အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားသွားပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ၀က်ဆိုဒ်ဌာန ခွန်အောင်မျိုးဦးမှ ဌာနတွင် ဆောင်ရွက်လျှက်  ရှိသော လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုသို့ တင်ပြဆွေးနွေးရာတွင် မိမိ ၀က်ဆိုဒ်ဌာနသည် ပြည်သူများသိရှိနိုင်ရန် အဖွဲ့ချုပ်မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ၊ ပအိုဝ်းဒေသတွင် ဖြစ်ပွားနေသော အကြောင်းအရာများ၊ ဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ လွှတ်တော်ကိစ္စရပ်များ၊ အစိုးရမှ ထုတ်ပြန်သော ကိစ္စရပ်များကို သိရှိစေနိုင်ရန်နှင့် အခြားပြည်သူများ သိရှိရန်လိုအပ်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေညီ ထုတ်လွင့်ပေးလျှက်ရှိကြောင်း၊ အဖွဲ့ချုပ်၏ ကွန်ပျုတာကိစ္စရပ်များကို ပြုပြင်ထိန်းသိမ်းပေးလျှက်ရှိကြောင်း စသည့်အကြောင်းအရာများကို ပြောကြားခဲ့ပြီး၊ အင်တာနက်အကြောင်း၊ မိုဘိုင်းဖုန်းအကြောင်း သိကောင်းစရာများကို ပြောပြခဲ့ပြီး တက်ရောက်လာသည့် ကျောက်က္ကချားရွာလူငယ်လူရွယ်များမှ  မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် မေးခွန်းများနှင့် သိရှိလိုသည်များကို မေးမြန်ရာတွင် ၎င်းမှ  ပြန်လည်ရှင်းပြဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူလူထုများနှင့် ရင်းရင်းနှီးနှီး ပအိုဝ်းသီချင်းများ အတူတကွသီဆိုခဲ့ကြ့ပီး တွေ့ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

ခွန်ဗန်ကြောင်း (ထီနောင်ကဲဉ်)


Powered by Blogger.