Wednesday, April 26, 2017

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းရိုးရာ ရှင်ပြုပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၆) ရက်







၂၀၁၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာအုပ်စု ပင်မွန်းကျေးရွာတွင် ပအိုဝ်းရိုးရာရှင်ပြုပွဲနှင့် ကျောင်းရေစက်ချပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြကြောင်း သိရှိရပါသည်။

အဆိုပါ ပအိုဝ်းရိုးရာ ရှင်ပြုပွဲတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားတန်စင်ဖါအောင်ခမ်းထီ နှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြားတန် ခွန်သိန်းဖေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားတန် ခွန်မောင်သောင်း၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်လှဆန်း တို့ အဖွဲ့နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသပေါင်းစုံ ရပ်မိရပ်ဖများ ကျွရောက်အားပေးချီးမြှင့်ကြပါသည်။

အလှူဒါနကိုလွန်စွာရက်ရောသော ပအိုဝ်းတိုင်းရင်းသားလူမျိုးများသည်  ပအိုဝ်းရိုးရာ ရှင်ပြုပွဲကို နွေရာသီ ကျောင်းပိတ်ရက်များတွင် ပအိုဝ်းဒေသ နေရာတိုင်းတိုင်းလိုလို စည်းကားစွာ ပြုလုပ်ကျင်းပလျက် ရှိပါသည်။ ယခု ပင်မွန်းကျေးရွာတွင် ပြုလုပ်ကျင်းပသော ရှင်ပြုပွဲတွင် ရဟန်းလောင်း၊ ရှင်လောင်း အပါးပေါင်း (၃၀၀)ကျော် ရှိပြီး ရပ်နီးရပ်ဝေးမှ ကျွရောက်လာကြသော ဧည့်ပရိတ်သတ်များကို (တစ်မူးရလို့တစ်ပဲလှူ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား)ဆိုသည့်အတိုင်း ကျွေးမွေးဧည့်ခံလျက် ရှိရာ ဝေရာဝစ္စ ကုသိုလ်ကို ရိုးရာ ထုံးစံအရ အနီးအနားရှိ ကျေးရွာများမှ လူငယ်မောင်မယ်များက ဝိုင်းဝန်းတာဝန်ယူဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.