Friday, April 28, 2017

(၃၃) ကြိမ်မြှောက်ပအိုဝ်းဘာသာစာပေဖြင့် ကျင်းပသော အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၈) ရက်














တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းစာပေနှင့်ဗဟိုသံဃာအဖွဲ့မှ ဦးစီးသော (၃၃)ကြိမ်မြှောက် ပအိုဝ်းစာပေဘာသာဖြင့် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဖွင့်ပွဲကို ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။
ရှေးဦးစွာ ပအိုဝ်းစာပေနှင့် အခြေခံဗုဒ္ဓဘာသာသင်တန်းဖြစ်မြှောက်ရေး သဘာပတိဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ၊ မင်္ဂလာကန်ဦး(ကျုံး) ထံမှငါးပါးသီလနှင့် သင်တန်းတက်ရောက်လာသူ ရဟန်း/ လူပုဂ္ဂိုလ်များ သြ၀ါဒ မွတ်ကြားခဲ့ကာ၊ ပအိုဝ်းစာပေနှင့် အခြေခံဗုဒ္ဒဘာသာ ဖြစ်မြှောက်ရေး ဥက္ကဌဆရာတော် ဘဒ္ဒန္တ ဦးကောဝိဒါဘိဝံသ ထံတွင်ဆက်လက်ခံယူခဲ့ပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြားခွန်သိန်းဖေမှ အမှာစကားပြောခဲ့ပါသည်။ ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားတွင် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဘင်ခရာဂုဏ်ပြုတပ်ဖွဲ့မှ ဘင်ခရာအတီအကဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ကြောင်း သိရှိရပါသည်။
ဤပအိုဝ်းဘာသာစာပေ အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကို ကျင်းပပြုလုပ်လာသည်မှာ  (၃၃)ကြိမ် မြှောက်ခဲ့ပြီ ဖြစ်ပါသည်။ သင်တန်းတက်ရောက်လာသူ ရဟန်း ရှင်လူအများစုသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ(၃)မြို့နယ်နှင့် အခြားပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ရာ ဒေသမြို့နယ်ဖြစ်သော တောင်ကြီးမြို့နယ်၊ မောက်မယ်မြို့နယ်၊ လွိုင်လင်မြို့နယ်၊ ရပ်စောက်မြို့နယ်၊ အောင်ပန်းမြို့နယ်၊ ရွာငံမြို့နယ်၊ ယခုသင်တန်းအလှည့်ကျမြို့ဖြစ်သော ကျောက်တလုံး၊ ညောင်ရွှေမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ်များမှ တက်ရောက်လာခဲ့ပါသည်။ ယခုနှစ် သင်တန်းတက်ရောက်လာသူ ရဟန်း ရှင်လူ စာရင်း အတိအကျမရရှိသေးသောကြောင့် ခန့်မှန်းခြေအရ ၂၀၀၀ ၀န်းကျင်အထိ တက်ရောက်လာကြောင်း သိရှိရပါသည်။

နယ်;ကူ- ခွန်ဗီး

Powered by Blogger.