Tuesday, April 25, 2017

ခေါင်းဆောင်မှု(Leadership)သင်တန်းအောင်ပွဲအခမ်းအနားပြုလုပ်ခြင်း

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ ဧပြီလ (၂၆) ရက်





ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာန၊ နိုင်ငံရေးအဖွဲ့တို့ဦးဆောင်၍ ခေါင်းဆောင်မှု(Leadership) သင်တန်းအောင်ပွဲအခမ်းအနားကို ညောင်ရွှေမြို့နယ်၊ ထီခိုးဘုန်းတော်ကြီးကျောင်းတွင် ၂၀၁၇-ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့ည (၉း၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့အောင်ပွဲအခမ်အနားကျင်းပပြုလုပ်ရာ ဦးစွာပဏာမ ထီခိုးဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလခံယူကာ ဆရာတော်ဘုရားကြီးမှ သြဝါဒစကားမိန့်ကြားခဲ့ပါသည်။ ဆက်လက်ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြဖြစ်သူ ခွန်ရဲအောင်မှ အမှာစကားပြောကြားခြင်းနှင့် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများကို ခေါင်းဆောင်မှု(Leadership) သင်တန်းလက်စွဲစာအုပ်များပေးအပ်ခဲ့ကာ သင်တန်းအောင်ပွဲ အခမ်းအနားကို သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက ပအိုဝ်းရိုးရာအကများ အတူတူကခြင်း၊ ပအိုဝ်းသီချင်းများသံပြိုင်သီဆိုခြင်း စသည့်အစီအစဉ်များဖြင့် ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါသင်တန်းကို ၂၀၁၇-ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့မှ(၂၄)ရက်နေ့အထိ၊ နေ့စဉ် ညနေ(၃း၀၀)နာရီမှည(၁၀း၃၀)နာရီအထိ၊ (၅)ညတာသင်တန်းဖြစ်ရာ သင်တန်းနည်းပြ(၃)ဦးမှ ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသူသင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၃၅)ဦးရှိပါသည်။ ထို့အပြင် ညောင်ရွှေမြို့နယ်၊ ထီခိုးကျေးရွာတွင် ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး သင်တန်းကျောင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနတို့ဦးဆောင်၍ ယခင်ကကျင်းပပြုလုပ်သောသင်တန်းများအပါအဝင် ယခုအကြိမ်ကျင်းပပြုလုပ်သော ခေါင်းဆောင်မှု(Leadership)သင်တန်းနှင့်ပေါင်းလျှင် သင်တန်းကျင်းပပြုလုပ်ခဲ့သော အကြိမ်ရေစုစုပေါင်း(၄)ကြိမ်ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ခွန်ယွေးယဲင်
ခမ်းစန္တာ;ဟေ့,
Powered by Blogger.