Tuesday, May 2, 2017

ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယကဖလား အသက်(၂၅)နှစ်အောက် မြို့နယ်အလိုက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂) ရက်






တောင်ကြီးမြို့ရှိ  ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီ နာယကဖလား အသက်(၂၅)နှစ်အောက် မြို့နယ်အလိုက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇၊ မေလ(၂)ရက်နေ့ မနက်(၁၀)နာရီချိန်တွင် ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲတွင် ရှမ်းပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့်မှ အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ဒေါ်နန်းရွှေမြင့်မှ အားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

ထို့နောက် ပြိုင်ပွဲကို စတင်ခဲ့ပြီး ကလောမြို့နယ်နှင့်ဟိုပုံးမြို့နယ်တို့ ယှဉ်ပြိုင်ကြရာ ကလောမြို့နယ်အသင်းက အနိုင်ရရှိပြီး ဆီဆိုင်မြို့နယ်အသင်းနှင့် ရပ်စောက်မြို့နယ်ယှဉ်ပြိုင်ရာတွင်လည်း ရပ်စောက်အသင်းက အနိုင်ရရှိထားပါသည်။

ယခုပြိုင်ပွဲတွင် ပင်လောင်း၊ ပင်လုံ၊ လင်းခေး၊ ရွာငံ၊ ဆီဆိုင်၊ ညောင်ရွှေ၊ တောင်ကြီး၊ ရပ်စောက်၊ ပင်းတယ၊ ကလော၊ တာချီလိတ်၊ ဟိုပုံး၊ မိုင်းဖြတ်၊ နမ့်ခမ်း၊ လားရှိုး၊ ဖယ်ခုံမြို့နယ်များအသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြပါသည်။ ပြိုင်ပွဲကို ဒီနေ့ မေလ (၂)ရက်နေ့မှစပြီး (၆)ရက်နေ့ထိ ငါးရက် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ခွန်ဓဇ
Powered by Blogger.