Friday, May 12, 2017

ဆီဆိုင်မြို့နယ် ဆီဆိုင်-လွယ်ထွယ်-ထီရီး ကျောက်ချောလမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၁၂) ရက်






နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၁၆/၂၀၁၇ ဘဏ္ဍာရေးနှစ် (ပြည်ထောင်စု)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-လွယ်ထွယ်-ထီရီး (၄/၀)မိုင် ကျောက်ချောလမ်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ မေလ(၁၂)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြားခွန်သန်းထူး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးအောင်ဖုန်း တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက်  နယ်စပ်ရေးရာဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးအောင်ဖုန်းက အဖွင့် အမှာစကားနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဖြားခွန်စံလွင်က  အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဒေသခံကိုယ်စားလှယ် ဖြားခွန်ထွက်ပန္တိက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ခွန်ထွန်းလေး

Powered by Blogger.