Friday, May 26, 2017

မွေတော်ကက္ကူ ဗုဒ္ဓရက္ခိတကျောင်းတိုက်တွင် နွေရာသီအင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာသင်တန်း ကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၂၆) ရက်








မွေတော်ကက္ကူဗုဒ္ဓရက္ခိတကျောင်းတိုက် ဆရာတော်ဦးဥတ္တမ ဦးဆောင်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ Piti Teacher Network (PTN)၊ အောင်;ဟံ;ခံ,(ကွန်ပျူတာ - HP)နှင့် မေတ္တာအလင်းရောင်ပညာပျိုးခင်းကွန်ရက်တို့ ပူးပေါင်း၍ နွေရာသီအင်္ဂလိပ်စကားပြောနှင့် ကွန်ပျူတာသင်တန်းကို ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ ကက္ကူကျေးရွာအုပ်စု၊ မွေတော်ကက္ကူဗုဒ္ဓရက္ခိတကျောင်းတိုက်တွင် အခမဲ့ဖွင့်လှစ်ခဲ့သည်။

သင်တန်းသည် (၁၃.၅.၂၀၁၇)နေ့မှ (၂၃.၅.၂၀၁၇)နေ့အထိ (၁၀)ရက်ကြာမြင့်ခဲ့ကာ (၂၄.၅.၂၀၁၇)နေ့တွင် စာမေးပွဲကျင်းပခဲ့ပြီး ဆုပေးခြင်းတို့ပါဝင်သည့် သင်တန်းအောင်ပွဲကိုမူ (၂၅.၅.၂၀၁၇)နေ့တွင် ကျင်းပခဲ့သည်။ သင်တန်းပြီးဆုံးနောက် ယနေ့ (၂၆.၅.၂၀၁၇)နေ့တွင်လည်း ဆရာတော်က သင်တန်းဆရာဆရာမများအပါအဝင် သင်တန်းသား/သူများကို လေ့လာရေးခရီးအဖြစ် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။ သင်တန်းတက်ရောက်ခဲ့သူများမှာ စုစုပေါင်း(၅၇)ဦးရှိပြီး ဒေသပေါင်းစုံမှ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများဖြစ်ကြောင်းကိုလည်း ကြားသိရသည်။

ခွန်ဖုံထံယံဟိတ်
Powered by Blogger.