Friday, May 5, 2017

ရန်တိုင်းအောင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပအိုဝ်းစာပေနှင့်ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၇ ခုနှစ်၊ မေလ (၅) ရက်




အေးသာယာမြို့ရှိ ရန်တိုင်းအောင်ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ ကြီးမှူးကျင်းပသော အခြေခံအဆင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇၊ မေလ (၅)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဦးစွာပထမ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကြွရောက်လာသည့် ဧည့်သည်တော်များက ရန်တိုင်းအောင်ကျောင်းဆရာတော်ထံ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလခံယူကာ ဆရာတော်ထံမှ သြ၀ါဒစကား နာကြားခဲ့ပါသည်။

ထို့နောက် သင်တန်းမှူး ခွန်ကျော်ခမ်းနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဖြားခွန်ဝင်းကိုတို့မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သံတော်ဦးလျှောက်ထားသင့်သည့် စကားများကို လျှောက်ထားဦးတင်ခဲ့ပြီးနောက် ပြုပြုသမျှ ကုသိုလ်အဖို့ဘာဂကို ရေစက်ချ အမျှပေးဝေခဲ့ပါသည်။

သင်တန်းကို (၂)ပတ်တိတိ ဖွင့်လှစ်သင်ကြားသွားမည်ဟုလည်း သိရပြီး တက်ရောက်သင်ယူသည့် ကျောင်းသားမှာ (၂၀၀)ခန့် ရှိသည်ဟု သိရသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)မှ ကြီးမှူးကျင်းပသည့် ဤသင်တန်းသည် ပထမအကြိမ်ဖြစ်ပြီး ကျန်ရှိသည့်နေရာဒေသများမှ ဖိတ်ခေါ်ပါကလည်း သင်တန်းများ ပေးသွားမည်ဟု သိရသည်။

ခွန်ဓဇ
Powered by Blogger.